Saturday, November 7, 2009

WaYnE ROOneY N His BaBy


ကျနော်တို့မန်ယူတိုက်စစ်မှုးကြီး အတွက်အမှတ်တရ

ThE RoLLIng SToNes



Friday, October 9, 2009

Thursday, October 1, 2009

Monday, August 31, 2009

Sunday, August 30, 2009

sTEVE jobS


water colour နဲ့ရေးထားတာ ..

Sunday, August 9, 2009

ကျနော့်အပုံ (ATH)


ဒါကကျနော့်အပုံ .. စမ်းတ၀ါးဝါးနဲ့ဆွဲကြည့်တာ ..

Thursday, July 30, 2009

ArSEN WEngEr


သူကတော့ အခု LONDON မှာ မူကြိုကျောင်းဖွင့်ထားတယ် ... Arsenal Pre School ဆိုပြီးတော့ ....//

JoEy JordIsON Unmasked (Slipknot)





Wednesday, July 29, 2009

Tuesday, July 21, 2009

Saturday, July 18, 2009

၁၉ ဇူလိုင် အာဇာနည်နေ့



ကျဆုံးသွားခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အား ဦးညွှတ်အလေးပြုပါသည်

Friday, July 17, 2009

mARiLyn MANsOn


Water Colour နဲ့စမ်းပြီးဆွဲကြည့်တာ .. ကျနော်စုတ်တံမကိုင်တာ ၉နှစ်ရှိပြီ ..//

maRiLyn maNSoN



Tuesday, July 7, 2009

Wednesday, July 1, 2009

DrEaM TheATEr

DREAM THEATER အဖွဲ့ရဲ့ပုံပါ .. Legal စာရွက်ပေါ်မှာ Drawing Pen အမဲနဲ့ဆွဲထားတာပါ .. ဒီလိုမျိုးအဖွဲ့လိုက်ပုံ တခါမှ မဆွဲဖူးပါဘူး.. ဒါပထမဦးဆုံးပါ..//


ကိုထွန်း

မော်လမြိုင်သား သူငယ်ချင်းတယောက်ပါ.....//





Tuesday, June 16, 2009

Saturday, May 30, 2009

Wednesday, May 13, 2009

ဦးရဲဘော် (တပ်မတော်သားဟောင်းတစ်ဦး)

သက်ရှိလူကိုကြည့်ပြီး ဆွဲတဲ့ ပထမဆုံးပုံပါ...သူ့နာမည်က ဦးရဲဘော်လို့ခေါ်ပါတယ်.. တပ်မတော်သားဟောင်းတစ်ဦးပါ.. ဗကပတွေကိုတိုက်ထုတ်ခဲ့တုန်းက သူလဲပါခဲ့ပါတယ်.. ခုတော့ပင်စင်ယူပြီး ကျနော်တို့ဈေးမှာ အလုပ်သမားလာလုပ်နေပါတယ်..ဒီအပုံကိုဆွဲဖို့ သူကိုအရက်ဖိုး ၂၀၀ ပေးပြီး MODEL ထိုင်ခိုင်းခဲ့ရတယ်ဗျ.. သူ့အပုံကိုဆွဲတဲ့အချိန်မှာ သူက ရင်းကိုက်နေတယ်ဗျ..အရက်အရမ်းချချင်နေတဲ့ပုံဗျ... ဒါကြောင့်မျက်လုံးတွေပျူးနေတယ်...အရက်သောက်ချင်ရင် MODEL ထိုင်ပေး ၊ ပိုက်ဆံ ၂၀၀ ပေးမယ်ဆိုပြီး ထိုင်ခိုင်းရတယ်....... ဆွဲရတာတော့ တော်တော်အရသာတွေ့တယ်ဗျာ ....//




Tuesday, May 12, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကယ်ရေကေချာရေးဆွဲနည်းကို အကန့်အသတ်အားဖြင့် ဒီနေရာမှာပဲ ဆုံခန်းတိုင်ရပ်ကြပါစို့..စာဖတ်သူအနေနဲ့ ဖတ်ရှုလေ့ကျင့်ခြင်းအားဖြင့် အမြတ်တစ်ခုခု မရရှိသည့်တိုင်အောင် အရှုံးတော့ မရှိဘူးလို့ ယုံကြည်ပါတယ်..Caricaturist စစ်စစ်တစ်ဦးဖြစ်ဖို့ဆိုတာ လွယ်လွယ်နှင့် ဖြစ်မလာနိုင်ဘူးဆိုတာ လက်ခံသဘောပေါက်လိမ့်မယ်လို့လည်းယူဆပါတယ်..အဓိက မှာကြားလိုတာကတော့ များများလေ့လာပြီး နာနာလေ့ကျင့်ရေးဆွဲဖို့ပါပဲ...
နောက်ဆုံးအနေနဲ့ အောက်မှာဖော်ပြထားတဲ့ ကယ်ရေကေချာရုပ်ပုံတွေကို ထပ်မံလေ့လာမှတ်သားပြီး လေ့ကျင့်ရေးဆွဲမှု များများပြုလုပ်စေလိုပါတယ်..........//
                                                                             ကာတွန်းဇိုဇမ်



                             ပြီးပါပြီ  #

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

သင်္ကေတ ကယ်ရေကေချာ(SYMBOLIC CARICATURES)
လူတစ်ဦးရဲ့ကယ်ရေကေချာကို သင်္ကေတအမှတ်အသားတွေနှင့် ဖော်ပြရေးဆွဲပေးနိုင်ပါတယ်..သင်္ကေတအမှတ်အသားတွေက လူရဲ့ ကယ်ရေကေချာပုံတူကို ပိုမိုလေးနက်သက်ဝင်စေပါတယ်..ဥပမာ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးတစ်ဦးကို အသည်းပုံ သင်္ကေတအမှတ်အသားအားဖြင့် ဖော်ပြပေးလို့ရသလို ငြိမ်းချမ်းရေးသမားတစ်ဦးကို ချိုးငှက်သင်္ကေတအားဖြင့် ဖော်ပြလေ့ရှိပါတယ်..ပညာရှိတစ်ဦးကို ဇီးကွက်ငှက်၊လူဆိုးသူခိုးရဲ့ပုံကို မြွေဟောက်သင်္ကေတပုံစံ စသည်အားဖြင့် ဖော်ပြနိုင်ပါတယ်..
ပုံ(၁၁၉) မှာ သူဌေးကြီး Rockefeller ရဲ့ကယ်ရေကေချာပုံတူကို သင်္ကေတအမှတ်အသားဖြစ်တဲ့ Dollar အနေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်..သူဟာ ကမ္ဘာမှာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့် အလွန်အမင်း နေမကောင်းဖြစ်တဲ့အခါကျတော့ ကလေးအစားအစာတွေနှင့်သာ စခန်းသွားနေရရှာပါတယ်..သူရဲ့ သင်္ကေတကယ်ရေကေချာကို အိုမင်းနေမကောင်းဖြစ်နေတဲ့ပုံနဲ့ ကလေးငယ်လေးပုံကိုရောပြီး Dollar သင်္ကေတကို ထပ်ပေါင်းပေးခြင်းအားဖြင့် လေးနက်ပြီး အဓိပါယ်ရှိတဲ့ သူဌေးကြီး Rockefeller ပုံမှန်း သိသာထင်ရှားလှပါတယ်..
ပုံ(၁၂၀)မှာ Brezhnev ရဲ့ သင်္ကေတကယ်ရေကေချာပုံကို တူ၊တံစဉ်အားဖြင့် သရုပ်ဖော်ထားပြီး ကြယ်နီနောက်ခံထားပေးခြင်းအားဖြင့် ကွန်မြူနစ်ကြီးတစ်ဦးမှန်း လွယ်လင့်တကူသိနိုင်ပါတယ်..သင်္ကေတ ကယ်ရေကေချာရဲ့ သဘောသဘာဝကတော့ ကိုယ်ဆွဲမယ့်လူရဲ့ ပုဂ္ဂိုလ်ရေးတွေကို အဓိကဦးစားပေးပြီးဖော်ပြပေးရတာပဲဖြစ်ပါတယ်..သင်္ကေတကယ်ရေကေချာအဆွဲ
ကောင်းလွန်းလို့ အရေးယူခြင်းခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး ရာဇ၀င်မှာ ထင်ရှားကျော်ကြားခဲ့ဖူးပါတယ်..၁၈၃၄  ခုနှစ်တုန်းက Charles Philipon ဆိုသူ ပြင်သစ်ကာတွန်းဆရာတစ်ဦးဟာ King Louis Philippe ရဲ့ကယ်ရေကေချာပုံတူကို သင်္ကေတသဘောရောပြီး ရေးဆွဲဖော်ပြခဲ့ရာ ဘုရင်မင်းမြတ်က ရာမာန်စူးရှပြီး တရားစွဲ အရေးယူခဲ့ပါတယ်..အရေးယူခြင်းခံရတဲ့ ဘုရင်ရဲ့ ကယ်ရေကေချာပုံကို (၁၂၁)မှာဖော်ပြထားပါတယ်..သစ်တော်သီးပုံစံ ဘုရင်မင်းမြတ်ရဲ့ မျက်နှာပုံဟာ အများပြည်သူကို ပျော်ရွင်ကြည်နူးစေခဲ့ပေမယ့် ဘုရင်မင်းမြတ်ကိုယ်တိုင်ပိုမူ အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်..
ပုံ(၁၂၂)မှာ သမ္မတ D.Roosevelt ရဲ့ ကယ်ရေကေချာပုံကို ဖရဲသီးပုံစံ ရေးဆွဲဖော်ပြထားပါတယ်..ပုံ(၁၂၃)မှာတော့ ၀န်ကြီးချုပ် Chamberlain ရဲ့သင်္ကေတ ကယ်ရေကေချာကို ထီးပုံတွေနဲ့ ရေဆွဲဖော်ပြထားပါတယ်..၀န်ကြီးချုပ်ဟာ သွားလေရာမှာ ထီးတစ်လက်ကို အမြဲဆောင်ထားလေ့ရှိသူဖြစ်ပါတယ်..အဲ့ဒါကြောင့် ထီးအမှတ်အသားဟာ သူ့အမှတ်အသားအဖြစ်လူသိများခဲ့ပါတယ်..ပုံ(၁၂၄)မှာ Reagan ရဲ့ကယ်ရေကေချာပုံကို သူ့ပါတီဖြစ်တဲ့ ရီပါဘရီကင် အမှတ်အသားဖြစ်တဲ့ ဆင်ပုံအားဖြင့် ဖော်ပြထားပါတယ်..နိုင်ငံရေးကာတွန်းဆရာ Paul Conrad က LosAngeles Times ထဲမှာ်၁၉၈၀ ခုနှစ်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်..
ပုံ(၁၂၅)မှာ Picasso ရဲ့သင်္ကေတကယ်ရေကေချာပုံကို Abstract, Symbolic, Surrealistic,Impressionistic လေးမျိုးပေါင်းစပ်ပြီး ရေးဆွဲထားပါတယ်..၁၇လက်မ- ၂၀လက်မ ကင်းဗက်ပေါ်မှာ ဆီဆေးနဲ့ ရောင်စုံရေးဆွဲထားတာဖြစ်ပါတယ်..နောက်ခံကို သူ့ရဲ့နာမည်ကျော် ပန်းချီကား ' Three Violinists ' ကို အသုံးပြုထားပြီး သူ့နှာခေါင်းကို မီးသီးပုံစံနှင့် မျက်လုံးတွေကို ချယ်ရီသီပုံစံရေးဆွဲထားပါတယ်...
ပုံ(၁၂၆)မှာ  သင်္ကေတ ကယ်ရေကေချာပုံစံတချို့ကို လေ့လာနိုင်ဖို့ဖော်ပြထားပါတယ်..သူတို့ရဲ့လုပ်ငန်၊၀ါသနာ၊ဗီဇတွေအပေါ်မူတည်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်..သင်္ကေတ ကယ်ရေကေချာပုံအတွက် သပ်သပ်စည်းတွေ၊ဘောင်တွေ ခတ်ထားတာမရှိပါဘူး၊မိမိဥာဏ်ရှိသလို တီထွင်ကြံဆရေးဆွဲနိုင်ပါတယ်........///






ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ABSTRACT နည်းဖြင့် ကယ်ရေကေချာရေးဆွဲခြင်း
Abstract နည်းကို အသုံးပြုပြီး ကယ်ရေကေချာရေးဆွဲလို့ရပါတယ်..ကျွန်တော်ဆိုလိုတာကတော့ ဆေးဘူးထဲကဆေးကို ညှစ်ထုတ်ပြီး Canvas ပေါ်တင် ဟိုခြစ်ဒီခြစ်လုပ်တာမျိုးတော့ မဟုတ်ပါဘူး..Abstract ကယ်ရေကေချာဟာ အထိန်းအကွပ်နဲ့ရေ့းဆွဲရတဲ့ အနုပညာတစ်မျိုးပဲဖြစ်ပါတယ်..Abstract ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကိုက ချုံ့ထုပ်ခြင်း၊ အနှစ်သာရကို ဖော်ထုတ်ခြင်း စကာမျိုးတွေနဲ့ ဖွင့်ချထားတာတွေ့ရပါတယ်..ကျွန်တော့်အမြင်မှာတော့ Abstract Arts တွေကို ဖန်တီးနေသူတစ်ဦးဟာ သဘောရိုးနဲ့ သူ့ရဲ့အနုပညာ အဆီအနှစ်တွေကို အကျဉ်းချုံးဖော်ပြနေတယ်လို့ထင်ပါတယ်..ဥပမာပုံ(၁၁၅)မှာ ပြထားတဲ့ စားပွဲရဲ့ ပုံစံလေးကိုသာကြည့်လိုက်ပါ..အရိုးရှ့င်းဆုံး ပုံစံအနေနှင့် လေ့လာကြည့်လို့ရပါတယ်..စားပွဲဟာ ခြေလေးချောင်းပါပြီး စက်ဝိုင်းပုံဝထ္ထုပစ္စည်းတစ်ခုသာဖြစ်ပါတယ်..တကယ်တန်းတော့ အနီးအဝေးမြင် Perspective ဟာဒီစားပွဲအတွက် တကယ်ရှိနေတဲ့အရာ၊ အနှစ်သာရ၊အဆီအနှစ်တစ်ခုတော့မဟုတ်ပါဘူး..ဒါကြောင့် စားပွဲ့ရဲ တကယ်မရှိတဲ့အင်္ဂါတစ်ခုအနေနှင့်သာ သတ်မှတ်ထားပါတယ်..တကယ်ရှိနေတာကတော့ အ၀ိုင်းတစ်ခုရယ်၊ရှည်မျောမျော အချောင်းလေးချောင်းရယ်ပါပဲ..ဒီသဏ္ဍန်ငါးခုကိုပေါင်းစပ်ဖွဲ့စည်းထားတာဟာ စားပွဲတစ်လုံးပါပဲ..Abstract Drawing အနေနှင့် သရုပ်ဖော်ရေးဆွဲတဲ့အခါ ဒီငါးခုကို မိတ်ဖက်ဖြစ်အောင် အရိုးဆုံး၊ အရှင်းဆုံးနည်းနဲ့ ရေးဆွဲရပါတယ်..တကယ်တန်းတော့ အမှန်တရားတစ်ခုကို ဖော်ထုတ်ပြလိုက်ခြင်းပါပဲ..
ပုံ(၁၁၆)မှာ ကျွန်တော့်ရဲ့ မျက်နှာကို Abstract Caricature ပုံစံအနေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်..နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ ကျွန်တော့ရဲ့ မူပိုင် Logo တံဆိပ်ပါပဲ..တဖြည်းဖြည်းဆံပင်တွေပြောင်လာတော့ ဆံပင်တွေကိုဖြုတ်လိုက်ပြီး မျက်နှာတစ်ခုတည်းကိုပဲ ဆက်လက်အသုံးပြုထားပါတယ်..နှုတ်ခမ်းမွေး တစ်ဖက်ကိုလည်း စာကြောင်းတစ်ကြောင်းအနေနဲ့ ဖန်တီးထားပါတယ်..ဒီလို ရုပ်ပုံနဲ့ စာတွဲထားတော့ Surrealism ပုံတစ်ပုံတည်း ဖြစ်လာပါတယ်..
ပုံ(၁၁၇)မှာ John Lewis ရဲ့ ကယ်ရေကေချာပုံကို abstract ပုံအဆင့်အထိ အဆင့်ဆင့်ရေးဆွဲပြသထားပါတယ်..သူဟာ အထင်ကရ ကျောက်မီးသွေးသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်..သူ့ရဲ့ထူးခြားမှုကတော့ Bull Dog မျက်နှာနဲ့ ချုံပုတ်မျက်ခုံးမွေးပိုင်ရှင်တစ်ဦးပါပဲ..လူထုက သူ့မျက်နှာကို ကောင်းစွာမှတ်မိနားလည်ပြီးသားဖြစ်ပါတယ်...
ပုံ(၁၁၈) မှာတော့ Barry ရဲ့ပုံကို ပုံတူအဆင့်ကနေ ကယ်ရေကေချာ၊အဲ့ဒီကနေ Abstract အဆင့်အထိ အဆင့်ဆင့်ကူးပြောင်းရေးဆွဲပေးထားပါတယ်..လေ့လာမှတ်သားပြီး အကြီမ်ကြီမ်ရေးဆွဲလေ့ကျင့်စေလိုပါတယ်....


Monday, May 11, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဟန်အမျိုးမျိုး၊ နည်းပုံစံအမျိုးမျိုးဖြင့် ကယ်ရေကေချာရေးဆွဲခြင်း
ကယ်ရေကေချာပုံဆွဲအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရည်ရွယ်သူတစ်ဦးအနေနဲ့ ကယ်ရေကေချာရေးဆွဲတဲ့အခါ ပုံစံ၊ဟန်နဲ့ နည်းစနစ်တွေမျိုးစုံအသုံးပြုပြီး လေ့ကျင့်ရေးဆွဲရပါမယ်..အများအားဖြင့်  Caricaturist တွေဟာ Art Director တွေရဲ့အကြိုက်ကို လိုက်ရေးဆွဲပေးလေ့ရှိကြပါတယ်..ဒါပေမယ့် လူတစ်ဦးနှင့်တစ်ဦးဟာ အားလုံးအကြိုက်ချင်းတူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..Art Director တစ်ဦးနဲ့ တစ်ဦးတောင်မှ အကြိုက်ချင်းမတူကြတာများပါတယ်..ကယ်ရေကေချာသမားတစ်ဦးအနေနဲ့ ကိုယ်ပိုင်ဟန်တွေ ဖော်ထုတ်ဖို့အဓိက ကြိုးစားရပါတယ်..ကိုယ်ပိုင်ဟန်အပြင် တခြားဟန်၊ပုံစံနဲ့ နည်းစနစ်တွေကိုလည်း တတ်မြောက်ထားသင့်ပါတယ်..
ဒီစာအုပ်ထဲမှာတော့ ပုံစံနည်းစနစ်နှစ်မျိုးနဲ့ ရေးဆွဲဟန်မျိုးစုံကို ဖော်ပြထားပါတယ်..ကယ်ရေကေချာရေးဆွဲနည်းဟာ ပုံသေဖြစ်မနေဘူးဆိုတာကို အဓိက ပြသချင်လို့ပါပဲ..ဒီနည်း ၊ဟန်၊စနစ်တွေအားလုံးကို သေချာလေ့လာပြီး လေ့ကျင့်ရေးဆွဲပါက ပျော်စရာလည်းကောင်း ပညာလည်းတိုးလာပါလိမ့်မယ်..
ပုံ(၁၁၁) မှာပြထားတဲ့ Sol ရဲ့ ပုံဆိုရင် ပုံစံမျိုးစုံ၊ ဟန်မျိုးစုံ ရေးဆွဲနဲ့ ရေးဆွဲလို့ အင်မတန်ကောင်းလှပါတယ်..
ပုံ(၁၁၂) မှာကျွန်တော့်ရဲ့ ကယ်ရေကေချာပုံကို ရေးဆွဲပြထားပါတယ်..အဲ့ဒီအချိန်တုန်းက ကျွန်တော့်မှာ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးတွေ ရှိခဲ့ပါတယ်..ဆန်းသစ်တီထွင်ထားတဲ့နည်းစနစ်ကို အသုံးပြုပြီး ကယ်ရေကေချာ ရေးဆွဲထားတာဖြစ်ပါတယ်..ကုဗတုံး ပုံစံ၊ကျူဗစ်ဇင်ပုံစံမျိုးဖြစ်ပါတယ်..မည်သည့်နည်းစနစ်မျိုးအသုံးပြုပြီးရေးဆွဲရမယ်ဆိုတာကိုတော့  ပုံသေမရှိလို့ အတိအကျဖော်ပြလို့မရပါဘူး..
အင်ပရေးရှင်းနေရှင်း( IMPRESSIONISM) နည်းကိုအသုံးပြုခြင်း
တကယ်တော့ ကယ်ရေ့ကေချာဆိုတာ လူတစ်ဦးရဲ့ရုပ်ပုံကို ပုံမှန်အနေအထားကနေ အင်ပရေးရင်းနည်းကို အသုံးပြုပြီးတော့ ဆွဲဆန့်ချဲ့ကားပြီး ပုံဖော်လိုက်တာပဲဖြစ်ပါတယ်..ပန်းချီအနုပညာမှာတော့ အင်ပရေးရင်းနေရှင်းကို တွင်တွင်ကျယ်ကျယအသုံးပြုနေကြပါပြီ..အထူးသဖြင့် ပြင်သစ်အနုပညာသမားတွေဆိုရင်ဆန်းသစ်တီထွင်ပြီး ပုံစံအမျိုးမျိုး ၊ဟန်အမျိုးမျိုး နဲ့ အင်ပရေးရှင်းနေရှင်းကို ချဉ်းကပ်နေကြတာကို တွေ့ရပါတယ်..ဥပမာ အရောင်များကို ရောစပ်မှုမပြုတော့ဘဲ တစ်ရောင်ခြင်း လိုက်ခြယ်တာမျိုး၊စုတ်ချက်လိုက်ပန်းချီကားပေါ်မှာ ဆေးသားတင်တာမျိုး၊ဆံပင်များကိုရေးဆွဲရာမှာ တစ်ပင်ချင်းရေးဆွဲတာမျိုး၊ သစ်ပင်တောတောင်များကို ပုံစံတူသရုပ်အဖော်တော့ပဲ အပြားလိုက်ဖြစ်ဖြစ်၊ အလုံးလိုက်ဖြစ်ဖြစ် သရုပ်ဖော်ခြင်း စသည်ဖြင့်နည်းမျိုးစုံ၊ဟန်မျိုးစုံကို အသုံးပြုတတ်ကြပါတယ်..အမှန်တော့ အင်ပရေးရှင်းစနစ်တွေဟာ သူတို့မြင်တဲ့အတိုင်း မရေးဆွဲဘဲ သူတို့ထင်တဲ့အတိုင်း သူတို့ခံစားတဲ့အတိုင်းသာရေးဆွဲကြလေ့ရှိပါတယ်..ဒီအတိုင်းပါပဲ..ကယ်ရေကေချာ အင်ပရေးရှင်းနစ်တွေလည်း သူတို့မြင်တဲ့အတိုင်း မရေးဆွဲပဲ ခံစားရတဲ့အတိုင်းသာ ရေးဆွဲလေ့ရှိကြပါတယ်..ပုံ(၁၁၃) နှင့် ပုံ(၁၁၄) မှာ Chelle နဲ့ Ruby ရဲ့ ပုံတွေကို အင်ပရေးရှင်းနေရှင်းနည်းဖြင့် ရေးဆွဲထားပါတယ်..ဒီနှစ်ဦးရဲ့ ပုံတွေကိုရှေ့ပိုင်းက ပုံ(၃၃) နဲ့ ပုံ(၃၄) မှာ တစ်နည်းတစ်ဖုံရေးဆွဲဖော်ပြခဲ့ပြီးဖြစ်ပါတယ်..ယှဉ်တွဲပြီး လေ့လာကြည့်နိုင်ပါတယ်...


ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဦးခေါင်းကြီးကြီး ၊ကိုယ်သေးသေး ကယ်ရေကေချာရုပ်ပုံများ
ကယ်ရေကေချာသမားတွေအဖို့ လူပုံကိုရေးဆွဲတဲ့အခါ ခေါင်းကြီးကြီး၊ကိုယ်သေးသေး ကယ်ရေကေချာပုံတွေကို ရေးဆွဲတာဟာ ပုံသေတစ်ခုလိုဖြစ်နေပါတယ်..တကယ်တော့ ကယ်ရေကေချာဆိုတာက ပုံတူရုပ်ပြောင်ရေးဆွဲတဲ့နည်းပညာရပ်တစ်ခုပါပဲ..လူပုံကို ကယ်ရေကေချာ ရေးဆွဲတဲ့အခါမှာ မျက်နှာပိုင်းကို အဓိကဦးစားပေးရေးဆွဲရတာဖြစ်ပါတယ်..အဲ့ဒီအတွက်ကြောင့် မျက်နှာ(ဦးခေါင်း)ပိုင်းကို ကြီးကြီးရေးဆွဲပေးခြင်းအားဖြင့် ရုပ်ပြောင်ပုံတူဟာ ပိုမိုသဘာဝကျပြီး အဆွဲခံရတဲ့လူရဲ့ သွင်ပြင်အနေအထားကို အသေးစိတ်ဖော်ပြပေးလို့ရနိုင်ပါတယ်..အများတကာနဲ့မတူညီတဲ့ သူ့မျက်နှာရဲ့ ထူးခြားမှုလေးတွေကိုလည်း စိတ်တိုင်းကျဖော်ပြပေးနိုင်မှာဖြစ်ပါတယ်..ဦးခေါင်းပိုင်းကို ပီပီပြင်ပြင် ရေးဆွဲပြီးပါက ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို သဘောလောက်ရေးဆွဲပေးလို့ရပါတယ်..သဘောလောက်ဆိုပေမယ့် ဦးခေါင်းနှင့်လိုက်ဖက်အောင် အချိုးအစားကိုတော့ ချင့်ချိန်ပြီးရေးဆွဲရပါတယ်..အများဆုံး ပြသနာတက်လေ့ရှိတာကတော့ လည်ပင်းနဲ့ ပခုံးပါပဲ..ဒီနှစ်ခုကိုရေးဆွဲတဲ့အခါမှာ ဦးခေါင်းနဲ့ စပ်ဟပ်လိုက်ဖက်အောင် ရေးဆွဲမိဖို့လိုအပ်ပါတယ်..ဥပမာ ဦခေါင်းက မတန်တဆကြီးမားပြီး လည်ပင်းကသေးသေးရှည်ရှည်လေးဆိုရင် လိုက်ဖက်မှုမရှိနိုင်ပါဘူး..အန္တရာယ်ကင်းတာကတော့ လည်ပင်းကို လုံးဝထည့်မရေးဆွဲဘဲ ပခုံးပေါ်မှာ ဦးခေါင်းကို တင်ပေးလိုက်မယ်ဆိုရင် ပိုအချိုးအစားကျပြီး ကြည့်ပျော်ရှုပျော်လည်း ဖြစ်သွားတတ်ပါတယ်..
တကယ်တော့ ဂရပ်ဖစ်ပုံစံသဘောအရဆိုရင်တော့ ကိုယ်လုံးသေးသေးပေါ်မှာ ဦးခေါင်းကြီးကြီးကိုတင်ပေးလိုက်တာဟာ သဘာဝမကျပါဘူး..ဒါပေမယ့် အထက်ကပြောထားတဲ့အတိုင်းပဲ ကယ်ရေကေချာပုံတွေ ရေးဆွဲတဲ့အခါမှာ သဘာဝမကျတဲ့အပုံကို သဘာဝနှင့် ပိုမိုနီးစပ်အောင်ရေးဆွဲရပါတယ်..သေငယ်နေတဲ့ကိုယ်ထည် ပေါ်မှာ ကြီးမားတဲ့ဦးခေါင်းကို တင်လိုက်တဲ့အခါ ဦးခေါင်းရဲ့ ဟန်ချက်ကို သတိထားရပါတယ်..ဟန်ချက်မညီတဲ့ ဦးခေါင်းဟာ ရပ်တည်နေနိုင်မှာ မဟုတ်သလို ရပ်ထည်မနေနိုင်တဲ့ ရုပ်ပုံကိုလည်း အတင်းရပ်တည်မခိုင်းသင့်ပါဘူး..ဒါကြောင့် ဦးခေါင်းရဲ့ပမာဏ၊အလေးချိန်တွေကို ထောက်ကန်ပေးဖို့ရန်
ခန္ဓာကိုယ်နဲ့ခြေထောက်နှစ်ချောင်းရဲ့ အနေအထားကို သတိပြုရေးဆွဲပေးရပါတယ်..နောက်ပြီးရုပ်ပုံရဲ့ 'ထု' ပမာဏကိုအလင်း၊အမှောင်အရိပ်တွေအားဖြင့် ဖော်ပြပေးလို့ရပါတယ်..အထူးသဖြင့် ဦးခေါင်းကြီးကြီး ကိုယ်လုံးသေးသေး ကယ်ရေကေချာပုံတွေ ရေးဆွဲတဲ့အခါ လိုအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အရိပ်တွေ၊ အနက်ရောင်တွေ ထည့်ပေးလို့မရပါဘူး..ဒီသင်္ကေတတွေဟာ ရုပ်ပုံတွေရဲ့ မမြင်နိုင်တဲ့အလေးချိန်သဘောတရားကို မျက်စိနဲ့မြင်သာနိုင်အောင် ဖော်ပြပေးခြင်းလည်းဖြစ်ပါတယ်..ဘယ်လို အနေအထားမျိုးမှာပဲဖြစ်စေ မိမိရေးဆွဲတဲ့ ကယ်ရေကေချာ ရုပ်ပုံဟာ ဟန်ချက်ညီညီနှင့် သဘာဝကျကျရှိနေဖို့တော့ လိုအပ်ပါတယ်..
အောက်မှာ သေချာလေ့လာကြည့်ဖို့ ဦးခေါင်းကြီးကြီး၊ ကိုယ်လုံးသေးသေး ကယ်ရေကေချာပုံစံတချို့ကိုဖော်ပြထားပါတယ်..အဓိကလေ့လာရမှာက သူတို့ရဲ့ ဟန်ချက်ကို ဘယ်လိုထိန်းထားတယ်ဆိုတာကိုပဲဖြစ်ပါတယ်..ပုံ(၉၂)မှာ Muhammad Ali ရဲ့ ကယ်ရေကေချာပုံကို ဖော်ပြထားပြီး ပုံ(၉၃) မှတော့ Willie Shoemaker ရဲ့ပုံကိုစနစ်တကျ လေ့လာနိုင်ဖို့ ဖော်ပြရေးဆွဲထားပါတယ်..ပုံနှစ်မျိုးစလုံးမှာ ဦးခေါင်းတွေဟာ အလွန်ကြီးမားနေပေမယ့် သူတို့ရဲ့ ကိုယ်လုံးလေးတွေနဲ့ ကြည့်ပျော်ရှုပျော်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်..သူတို့ရဲ့ ဟန်ချက်တွေဟာလည်း ခိုက်မြဲတဲ့ အနေအထားမျိုးမှာရှိနေပါတယ်..
ဒီလိုခေါင်းကြီးကြီး၊ကိုယ်လုံးသေးသေးနှင့် ကယ်ရေကေချာပုံတူ ရုပ်ပြောင်တွေကို ရင်းနှီးခင်မင်ပြီးသားအပေါင်းအသင်း  မိတ်ဆွေတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ရေးဆွဲပေးလေ့ ရှိပါတယ်..သူတို့ရဲ့ ၀ါသနာ၊စရိုက်လက္ခဏာတွေနဲ့ အလုပ်အကိုင်တွေကို တွဲဖက်ပြီးဖော်ပြပေးတဲ့အခါမှာတော့ ပိုပြီးသဘာဝကျလာပါတယ်..မွေးနေ့လက်ဆောင်ဖြစ်စေ၊ မင်္ဂလာဆောင်လက်ဖွဲ့ဖြစ်စေ ဘောင်တွေဘာတွေနဲ့ သေချာရေးဆွဲပေးပါက အလွန်နှစ်သက်သဘောကျလေ့ရှိကြပါတယ်..အောက်မှာ ဖော်ပြထားတဲ့ ကယ်ရေကေချာပုံတူ ရုပ်ပြောင်တွေအားလုံးဟာ သူတို့ရဲ့ အလုပ်အကိုင် ၀ါသနာပါရာတွေကို ဖော်ပြပေးထားတဲ့ ဦးခေါင်းကြီးကြီးကိုယ်လုံးသေးသေးနဲ့ ဟန်ချက်တွေကို အထူးသတိထားပြီး ရေးဆွဲထားတဲ့ပုံတွေပဲ ဖြစ်ပါတယ်..သေချာလေ့လာ လေ့ကျင့်စေလိုပါတယ်.....//


Sunday, May 10, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၈၉) မှာ Susan ရဲ့ ချစ်စဖွယ်အမူအရာလေးကို ကယ်ရေကေချာရေးဆွဲထားပါတယ်..ပါးစပ်ထဲ လက်နှိုက်ထည့်တဲ့အကျုင့်ဟာ ကလေးတွေရဲ့ အပြုအမူလေးတစ်ခုပါပဲ..သူရဲ့ စရိုက်အပြုအမူလေးပိုမိုပေါ်လွင်အောင် ပါးစပ်ထဲ လက်နှိုက်ထည့်နေတဲ့ ပုံကိုပဲ ရွေးချယ်ရေးဆွဲထားပါတယ်..
ပုံ(၉၀)နဲ့ ပုံ(၉၁) မှာတော့ Jennifer နဲ့ D'mitriတို့ရဲ့  ချစ်စဖွယ်ပုံကလေးတွေကို နှိုင်ယှဉ်ဖော်ပြထားပါတယ်.. Jenniferရဲ့ မျက်နှာအနေအထားသုံးပုံမှာ အမူအရာသံးမျိုးကို တွေ့နိုင်ပါတယ်..အောက်ဆုံးပုံမှာတော့ သူ့ရဲ့ ကျိုးနေတဲ့ သွားကလေးပေါ်လွင်ပြီး အလွန်ချစ်စရာကောင်းနေတဲ့အတွက်ကြောင့် အဲ့ဒီပုံကိုပဲ ကယ်ရေကေချာရေးဆွဲထားပါတယ်..
D'mitri ရဲ့ပုံသုံးပုံမှာ အောက်ပုံနှစ်ပုံဟာ ကလေးသဘာဝသွားကလေးတွေ ကျိုးနေတဲ့ပုံစံလေးပဲဖြစ်ပါတယ်..ကလေးတွေရဲ့စရိုက် ပိုမိုပီပြင်နေတာကို လည်းတွေ့ရပါမယ်...
ကလေးသူငယ်တွေရဲ့ ကယ်ရေကေချာ ရေးဆွဲရာမှာ သူတို့ရဲ့ မျက်လုံးလေးတွေကိုတော့ အထူးသတိထားရပါမယ်..သူတို့ရဲ့ စိတ်နေသဘောထားကို သူတို့ရဲ့ မျက်လုံးလေးတွေမှာ ထင်ဟပ်ဖော်ပြနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်..ကလေးသူငယ်တွေရဲ့ ကယ်ရေကေချာတွေ ရေးဆွဲတော့မယ်ဆိုရင် သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်ရပါမယ်.....//