Monday, February 2, 2009

သူငယ်ချင်းတို့ရေ ကျနော်ဆရာကာတွန်းဇိုဇမ်ရဲ့ကယ်ရေကေချာရေး
ဆွဲနည်းစာအုပ်ကိုဒီဘလော့မှာတင်ရင်ကောင်းမလားလို့စဉ်းစားမိတယ်..
ရည်ရွယ်ချက်ကတော့ဗျာကယ်ရေကေချာဆိုတာဘာလဲ...ဘယ်လိုဆွဲ
ရမလဲ...အဲ့ဒါတွေသိစေချင်တယ်...တချို့ကယ်ရေကေချာရေးချင်တဲ့သူ
တွေအတွက်လည်းအဆင်ပြေသွားတာပေါ့...မသိသေးတဲ့သူတွေအတွက်
လည်းဗဟုသုတရတာပေါ့ဗျာ...တခုရှိတာက ဒီစာအုပ်ရဲ့မူပိုင်ခွင့်တွေဘာ
တွေချိုးဖောက်ရာရောက်နေမလားလို့တွေးမိတယ်...အဲ့ဒါရေးရင်ကောင်း
မလား...မကောင်းဘူးလား...၀ိုင်းပြီးစဉ်းစားပေးကြပါအုံး...ကျနော်က
စာအုပ်တအုပ်လုံးကိုCopy ကူးချမှာနော်........///

4 comments:

သဉ္ဇာ - Thinzar said...

အစ်မအထင်တော့ မငြိလောက်ဘူး ထင်တာဘဲ။ ဘလော့ဂ်မှာ တင်တာ စီးပွါးရေးလုပ်တာမှ မဟုတ်တာ။ စာအုပ်တော်တော်များများကို အဲလိုဘဲ ရိုက်ပြီး ebook လုပ်ထားတာ အများကြီးဘဲ။

Han Thit Nyeim said...

Commercially Publish မလုပ်ရင် ဘာမှ မဖြစ်ဘူးဗျို့။

အရေးအကြီးဆုံးက Credit ပေးဖို့ပဲ။ `ဘယ်ကာတွန်းဆရာရဲ့ ဘယ်ကာတွန်းရေးဆွဲနည်း စာအုပ်ကို ကူးယူဖော်ပြပါသည်´ ဆိုတာလေး အမြဲတမ်း ထည့်ပေးဖို့ပဲဗျို့။ အဲဒါဆို လိပ်ပြာသန့်သန့်နဲ့ တင်လို့ရပြီဗျို့။

အိမ်လွမ်းသူ said...

ဟုတ်ပါတယ်..သဉ္ဖာတို့ ဟန်သက်ငြိမ်တို့ ပြောသလိုပါပဲ..။ Credit ပေးရင်ဖြစ်ပါတယ်။ စီးပွားရေးလုပ်တာမှမဟုတ်တာ... ။

htike said...

အခုလိုကူညီကြတဲ့အတွက်အကိုတို့အမတို့ကို
ကျေးဇူးတင်ပါတယ်...ကိုထိုက်