Friday, February 20, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

လူအမျိုးမျိုး မျက်နှာအဖုံဖုံအောက်ဖော်ပြထားတဲ့ ပုံ(၆) ဟာ In-Betweener ပုံကို ရှေ့တည့်တည့်က မြင်ရတဲ့ပုံတွေဖြစ်ပါတယ်..ဒါပေမယ့် မျက်လုံး၊ နှားခေါင်း ၊ပါးစပ်တွေကို နဂိုမျဉ်းကြောင်းတွေကနေ သွေဖယ်ပြီးရေးဆွဲထားတာကို တွေ့ရပါလိမ့်မယ်..ပုံ(a)မှာ မျက်စိနှစ်လုံးဟာ ပုံမှန်ထက်ပိုပြီးနီးကပ်နေတယ်..ပုံ(b)မှာ ပုံမှန်ထက်ဝေးကွားနေတယ်..ပုံ(c)မှာကျတော့ Eye Lineရဲ့အောက်နားကိုရောက်နေတယ်..ပုံ(d)မှာEye Line ရဲ့အပေါ်နားကိုရောက်နေတယ်..ပုံ(e)မှာနှာခေါင်းဟာ ပုံမှန်နှာခေါင်းမျဉ်းကြောင်းရဲ့ အောက်နားကိုရောက်နေပြီး ပုံ(f)မှာကျတော့ နှာခေါင်းဟာ ပုံမှန်နှာခေါင်းမျဉ်းကြောင်းရဲ့ အပေါ်နားကိုရောက်နေတယ်..ပုံ(g)မှာပါးစပ်ပေါက်ဟာ ပုံမှန်ပါးစပ်ပေါက်မျဉ်းကြောင်းရဲ့ အပေါ်ကိုရောက်နေပြီး ပုံ(h) မှာကျတော့ ပါးစပ်ပေါက်ဟာ မျဉ်းကြောင်းရဲ့အောက်နားကို ရောက်ရှိနေပါတယ်..ဒီမျက်နှာပုံစံလေးတွေဟာ လူပုဂ္ဂိုလ်တစ်ဦးရဲ့မျက်နှာကို အမျိုးမျိုးပြောင်းလဲပြီး ချဲ့ကားရေးဆွဲထားတာဖြစ်ပါတယ်..ကယ်ရေကေချာရေးဆွဲတဲ့အခါ ပုံမှန်ရှိနေတဲ့ In-Betweener ရဲ့မူလမျဉ်းကြောင်းတွေကနေ ခွဲထွက်သွေဖယ်နေတဲ့အပိုင်းတွေကို အဓိကဖမ်းယူပြီး ရေးဆွဲရပါတယ်........




ပုံ(၇)မှာ ဦးခွံနှင့်မေးရိုးတွေကို ပေါင်းစပ်ထားတဲ့ လူဦးခေါင်းပုံတွေကိုပြထားပါတယ်..ပုံမှန်လူအများစုရဲ့ဦးခေါင်းဟာ ဦးခွံပိုင်းကျယ်(ကြီး)ပြီး မေးရိုးပိုင်းမှာ ကျဉ်း(သေး)လေ့ရှိပါတယ်..လူတိုင်းတော့ ပုံသေမဟုတ်ပါဘူး..တချို့ဆိုရင် ပြောင်းပြန်ဦးခွံချွန်ပြီး မေရိုးကျယ်နေတာလည်း တွေ့ရတတ်တယ်..ဒါတွေဟာမှတ်ထားရမယ့် ထူခြားမှု ၀ိသေသလေးတွေပါပဲ..အဆီ၊အသားတွေကြောင့်လည်း လူတွေရဲ့မျက်နှာသွင်ပြင်ဖွဲ့စည်းမှုပြောင်းလဲနေပါသေးတယ်..ခေါင်းပြောင်နေတဲ့အခါ မျက်လုံးနဲ့နားရွက်ကြား(နားထင်)ကို ပိုမိုသတိပြုပြီး ရေးဆွဲရပါတယ်.ဆံပင်ရှည်ပြီးထူနေတဲ့သူဆိုရင်တော့ ဒီနေရာကို အဓိကထားလို့မရပါဘူး..ဆံပင်တွေ ဖုံးအုပ်ထားလို့ပဲ ဖြစ်ပါတယ်...

1 comment:

ထင်လင်းအောင် said...

ကောင်းတယ်ဗျာ...ကိုယ့်တတ်ထားတဲ့ပညာကို
share ပေးတာ...