Thursday, February 5, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

မြင်တတ်အောင်လေ့ကျင့်ပါ
လူတစ်ဦးရဲ့မျက်နှာကို Caricature ရေးဆွဲတော့မယ်ဆိုရင် ရေးဆွဲမယ့်သူရဲ့ မျက်နှာသွင်ပြင်ဟာ လူအများစုနဲ့ ဘယ်လိုကွဲပြားခြားနားမှုရှိနေတယ်ကို သတိပြုရပါမယ်..ဘယ်အစိတ်အပိုင်းဟာ သူများတကာထက်ပိုကြီးပြီး၊ ဘယ်နေရာတွေဟာ သူများတကာတွေထက် ပိုငယ်တယ်ဆိုတာတွေကို သတိထားရပါမယ်..မည်သည့်နေရာပိုချွန်ပြီး မည်သည့်အပိုင်းဟာ ပိုဝိုင်းနေတယ်ဆိုတာကအစ မှတ်သားလေ့လာထားရပါမယ်..တစ်နည်းပြောရရင် သူများတကာထက်ထူးခြားတဲ့နေရာလေးတွေကို ဂရုစိုက်တတ်ရပါမယ်..အင်္ဂါအစိတ်အပိုင်းတွေရဲ့ အကွာအဝေး(ဥပမာ မျက်လုံးနှစ်ဖက်)ဟာ လူတစ်ဦးနှင့်တစ်ဦးမတူညီကြပါဘူး..နှာခေါင်းကြီးတာပွတာ၊ မျက်လုံးကျဉ်းတာ ကျယ်တာ၊ခေါင်းတုံးတာ ဆံပင်သန်တာ၊ဆံပင်ကောက်တာ၊ဖြောင့်တာ စတာတွေဟာ လူအများသတိပြုမိနေတတ်တဲ့ အရာတွေပဲဖြစ်ပါတယ်..ခင်ဗျားအနေနဲ့ သူများတကာတွေသတိမထားမိတဲ့အရာတွေ၊ထူးခြားကွဲပြားမှုလေးတွေကို သတိပြုမိအောင်လေ့ကျင့်ပြီး ကြည့်မြင်တတ်ရပါမယ်..လောကမှာ အံ့သြစရာအကောင်းဆုံးအရာတစ်ခုကတော့ ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာရှိနေပေမယ့် လူတစ်ဦးရဲ့မျက်နှာဟာ နောက်တစ်ဦးနဲ့တူညီမှုလုံးဝမရှိနေတာပါပဲ..လူတစ်ဦးတိုင်းတစ်ဦးတိုင်းမှာ သူ့ကိုထူခြားပေါ်လွင်စေတဲ့ မျက်နှာအင်္ဂါအစိတ်အပိုင်းတွေ ကိုယ်စီရှိနေကြပါတယ်..ဒီထူးခြားပေါ်လွင်နေတဲ့အရာတွေကို သတိထားပြီးမြင်တတ်အောင် ကြည့်တတ်ဖို့လိုအပ်ပါတယ်.......

No comments: