Saturday, February 7, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကြားခံလူ(IN-BETWEENER)
လူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အခြေခံပြီးတော့ကြားခံလူ(In-Betweener)ကိုဖန်တီးထားပါတယ်..လူအများစုနဲ့ ကိုက်ညီတဲ့ စံသတ်မှတ်ပုံတစ်ခုပဲဖြစ်ပါတယ်.. အာရှသား၊ဥရောပသား၊အာဖရိကသားအားလုံးကို ကိုယ်စားပြုနိုင်အောင်ရေးဆွဲထားတာဖြစ်ပါတယ်..In-Betweenerလို ကျွန်တော်ပုံသေနည်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်..ဒီကြားခံလူရဲ့ပုံစံကို မူတည်ထားပြီး ကိုယ်လိုချင်တဲ့ မျက်နှာသဏ္ဍန်တွေကို ထပ်ဆင့်ပြီး ချဲ့ကားရေးဆွဲမှု ပြုလုပ်ရပါတယ်.......
...ပုံ(၂)မှာတော့ နှာခေါင်းမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ်..လူပေါင်းစုံ
ရဲ့ နှာခေါင်းပုံစံမျိုးစုံပါပဲ..အလယ်တည့်တည့်မှာတော့ ကျွန်တော့ကြားခံလူ(In-Betweener)ရဲ့ စံပြနှာခေါင်းပုံကို စက်ဝိုင်းဝိုင်းပြထားပါတယ်..မကြီးလွန်း မငယ်လွန်း၊မရှည်လွန်း မတိုလွန်း၊မဖြောင့်လွန်း မကောက်လွန်းတဲ့ နှာခေါင်းတစ်ခုပါပဲ..အခြေခံနှာခေါင်းပုံလို့ဆိုလည်းမမှားပါဘူး..ဘာဖြစ်လို့လဲဆိုတော့ ရှိရှိသမျှနှာခေါင်းတွေဟာဒီနှာခေါင်းကနေ ဆင်းသက်ပြောင်းလဲလာကြတာပဲဖြစ်ပါတယ်..ဒါကြောင့် ခင်ဗျားCaricature နှာခေါင်းကိုဆွဲတော့မယ်ဆိုရင်(Subject)ရဲ့နှာခေါင်းဟာIn-Betweener ထက်ကြီးနေသလား၊ငယ်နေသလားအရင်လေ့လာကြည့်ပါ၊တကယ်လို့ကြီးနေခဲ့ရင် ပိုမိုကြီးမားအောင် ချဲ့ကားရေးဆွဲလိုက်ပါ..ငယ်နေခဲ့ရင်တော့ဒီထက်မက ငယ်နေအောင် ချုံ့ပြီးရေးဆွဲလိုက်ရုံပါပဲ..ခင်ဗျားရေးဆွဲနေတဲ့ နှာခေါင်းပုံစံဟာ In-Betweenerနှားခေါင်းနဲ့ ကွဲပြားခြားနားမှုရှိနေတာ လက်တွေ့မြင်တွေ့ပါလိမ့်မယ်..ဒါကြောင့် ဒီIn-Betweener ရဲ့နှာခေါင်းဟာ နှာခေါင်းအားလုံးကိုကြားခံပေါင်းကူးပေးနေတဲ့ နှားခေါင်းလည်းဖြစ်ပါတယ်..အောက်မှာဖော်ပြထားတဲ့ပုံ(၂) ကိုသေချာလေ့လာမှတ်သားထားသင့်ပါတယ်...

1 comment:

masumon said...

အစ်မနှာခေါင်းကျတော့ လုံးလုံးလေး ကိုထိုက်ဆွဲတာ တော်တော်တူတယ် :)