Wednesday, March 4, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာကွန်းဇိုဇမ်)

ဆံပင်ပုံစံအမျိုးမျိုး
လူတစ်ဦး၏ တစ်ကိုယ်လုံးကို ကြည့်လိုက်ရင် ဦးခေါင်းမှာရှိတဲ့ ဆံပင်ပုံစံကို ဦးစွာသတိထားမိလေ့ရှိကြတယ်..ဘြာ
ဖစ်လို့လည်းဆိုတော့ ဆံပင်ရဲ့အရောင်ဟာ လူရဲ့အမြင်အာရုံကို အလျင်အမြန်ဖမ်းစားနိုင်စွမ်းရှိလို့ပါပဲ..အဲ့ဒါကြောင့် ဆံပင်ပုံစံတွေဟာ လူရဲ့မျက်နှာကို ကယ်ရေကေချာရေးဆွဲရာမှာ အထောက်အကူအပြုဆုံးအရာတွေပဲဖြစ်ပါတယ်..ဆံပင်ပုံစံပြောင်းတာနဲ့ လူရဲ့မျက်နှာရုပ်သဏ္ဍန်တွေပါ ပြောင်းလဲသွားတတ်ပါတယ်..ဒီမျက်လုံး၊နှာခေါင်း၊ဒီပါးစပ်ပါပဲ..ဒါပေမယ့် ဆံပင်ပုံစံတွေ ပြောင်းလဲလိုက်တာနဲ့ ရုပ်သဏ္ဍန်တွေ လုံးဝပြောင်းသွားတာကို ပုံ(၈)မှာတွေ့မြင်နိုင်ပါတယ်...
ဆံပင်ပုံစံကိုကြည့်ပြီး ပုံရိပ်ဖမ်း ကယ်ရေကေချာရေးဆွဲမှုကိုလေ့လာကြည့်ရအောင်..Rosemary ရဲ့ပုံကို ပုံ(၉)မှာဖော်ပြထားပါတယ်..သူမရဲ့ဓါတ်ပုံကိုကြည့်လိုက်တာနဲ့ တြိဂံပုံဆံပင်တွေကို စတုဂံပုံမျက်နှာပေါ် တင်ပေးလိုက်တဲ့အခါ သူမရဲ့ကယ်ရေကေချာပုံကြမ်း ပထမအဆင့်ကိုရရှိပါတယ်..ဒီလိုပဲကယ်ရေကေချာရေးဆွဲတဲ့အခါ အဆင့်ဆင့်ရေးဆွဲရပါတယ်..မတူကွဲပြားနေတဲ့သဏ္ဍန်နှစ်မျိုးကိုစပ်ဟပ်ကြည့်တဲ့အခါ ပီပြင်တဲ့သဏ္ဍန်ပုံတွေ ထွက်လာပါတယ်..ဒီပုံမှဆိုရင်ဓါတ်ပုံတစ်ပုံတည်းကိုသာ အသုံးပြုထားတာဖြစ်ပါတယ်..တကယ်တော့ အကောင်းဆုံးကယ်ရေကေချာပုံတွေရေးဆွဲဖို့ ပုံစံပြဓါတ်ပုံတွေအများကြီးကြည့်ပြီး မိမိအကြိုက်နှစ်သက်ဆုံးရှုထောင့်ကနေ မြင်ရတဲ့ပုံကိုသာ ရွေးချယ်စဉ်းစားသင့်ပါတယ်..မျက်နှာပုံသဏ္ဍန်တွေကို ကယ်ရေကေချာရေးဆွဲတဲ့အခါ လူတွေရဲ့မျက်နှာထားကို နှစ်လိုဖွယ်ဖြစ်အောင်တော့လှလှပပရေးဆွဲလေ့ရှိပါတယ်...
ပုံ(၁၀)မှာ Dorisဓါတ်ပုံ၂ပုံကိုယှဉ်ပြီး ဖော်ပြထားပါတယ်..ဘေးစောင်းပုံနဲ့ ရှေ့တည့်တည့်ပုံတွေဖြစ်ပါတယ်..ရှေ့ဘက်ကမြင်တဲ့ပုံကိုဆွဲမယ်ဆိုရင် သူ့ရဲ့ဝိုင်းဝန်းနေတဲ့ မျက်နှာကိုပဲမြင်ရတယ်..ဆံပင်ပုံစံပီပြင်တိကျမှုမရှိလှပါဘူး..ဘေးစောင်းပုံကိုကြည့်လိုက်ရင်တော့ လှိုင်းတွန့်ပြီးထင်ရှားတဲ့ဆံပင်နဲ့တြိဂံပုံမျက်နှာထားကိုထင်ထင်လင်းလင်း မြင်တွေ့ရပါတယ်..အဲ့ဒီ သီခြားခွဲထွက်ပြီး ထင်ရှားပေါ်လွင်နေတဲ့အစိတ်အပိုင်းတွေကြောင့် သူမရဲ့ရုပ်သဏ္ဍန်ကို ပုံဖမ်းရလွယ်ကူစေပါတယ်..တြိဂံပုံစံမျက်နှာပိုင်ရှင်မို့လို့လည်းDorisရဲ့ ကယ်ရေကေချာပုံရေးဆွဲရာမှာပိုမိုလွယ်ကူတာဖြစ်ပါတယ်..ဓါတ်ပုံတွေကို ရွေးချယ်တဲ့အခါမှာတော့ ပုံကြမ်းလောင်းရ လွယ်ကူမယ့်ဓါတ်ပုံတွေကိုသာ ရွေးချယ်ရေးဆွဲသင့်ပါတယ်.......//
ဲ့




1 comment:

မသက်ဇင် said...

"ကယ်ရေကေချာရေးဆွဲနည်း(ကာကွန်းဇိုဇမ်)"

တွေနဲ့ ပုံများကို ကြည့်သွားပါတယ်--ကိုထိုက်ရေ--
ပျော်ရွှင်ပါစေ---