Tuesday, March 10, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကယ်ရေကေချာရေးဆွဲရာမှာ ဓါတ်ပုံကြည့်ရေးဆွဲတာဟာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းပဲဖြစ်တယ်..ရုပ်သေပုံတွေကို ဇယားကွက်ချပြီး စိတ်ရှည်လက်ရှည် ရေးဆွဲနိုင်ခြင်းကြောင့်ဖြစ်တယ်..ပုံ(၁၈)မှာA1ရဲ့ကယ်ရေကေချာပုံကို ဓါတ်ပုံကနေ ပုံဖော်ရေးဆွဲတာကိုပြထားပါတယ်..ဓါတ်ပုံပေါ်မှာ မျက်စိမျဉ်းကြောင်း၊နှာခေါင်းမျဉ်းကြောင်းနှင့်ပါးစပ်မျဉ်းကြောင်းတွေပါတဲ့ ဇယားကွက်ကိုရေဆွဲပါ..ဖယောင်းစက္ကူခံပြီးရေးဆွဲလို့လည်းရပါတယ်..ထောင်လိုက်မျဉ်းကြောင်းကိုလည်းဆွဲလိုက်ပါ..စတုဂံပုံစံဇယားကွက်ကလေးတွေ ထွက်လာပါလိမ့်မယ်..ဒီစတုဂံ ပုံစံဇယားကွက်တွေဟာ In-Betweener ဇယားကွက်တွေနဲ့တော့တူချင်မှတူပါလိမ့်မယ်..ဓါတ်ပုံပေါ်မှာဆွဲထားတဲ့ဇယားကွက်တွေနဲ့ In-Betweener ဇယားကွက်တွေကိုယှဉ်ကြည့်လိုက်ပါ..ထပ်တူမရှိဘဲ ငေါထွက်ပြီး အစွန်းပိုနေတဲ့အင်္ဂါအစိတ်အပိုင်းတွေကို တွေ့ရပါလိမ့်မယ်..ကယ်ရေကေချာရေးဆွဲတဲ့အခါ ဒီအစွန်းထွက်ပြီးထူးကဲတဲ့အပိုင်းလေးတွေကို ဂရုပြုပြီးချဲ့ကားခြင်း၊ဒါမှမဟုတ်ချုံ့ရေးခြင်းများပြုလုပ်ရပါမယ်..ဒီလိုဓါတ်ပုံတွေကို ဇယားကွက်ချပြီး ရုပ်ပြောင်ပုံတူရေးဆွဲမှုဟာ ပထမပိုင်းလေ့ကျင့်မှုအတွက်သာဖြစ်ပါတယ်..နောက်တဖြည်းဖြည်းဇယားကွက်မချဘဲ လက်တန်းရေးဆွဲနိုင်လာပါလိမ့်မယ်..ဒါပေမယ့်ဇယားကွက်ချပြီး လေ့ကျင့်ရေးဆွဲမှုကို များများလေ့ကျင့်ထားဖို့တော့လိုအပ်ပါတယ်..

ပုံ(A1)
ပုံ(၁၈)ကA1ပုံကိုကြည့်ရအောင်..သူ့ရဲ့မျက်နှာမှာ ပုံမှန်In-Betweenerမျက်နှာကနေခွဲထွက်တဲ့ ထူးကဲသွေဖည်မှုလေးတွေတွေ့ရပါတယ်..သူ့ရဲ့ဦးခေါင်းဟာဆိုရင် In-Betweener ရဲ့ဦးခေါင်းထက်ပိုကျယ်တာကိုတွေ့ရပါတယ်..အထူးသဖြင့် သူ့နဖူးဟာကျယ်ပြီးကြီးမားနေပါတယ်..အဲ့ဒါကြောင့်ကယ်ရေကေချာရေးဆွဲတော့ သူ့ဦးခေါင်းနှင့်နဖူးပြင်ကို ပိုပိုမိုမိုချဲ့ကားရေးဆွဲပစ်လိုက်ရပါတယ်..နောက်ပြီးမျက်လုံးနဲ့နားရွက်ကြား(နားထင်)နေရာဟာ ပုံမှန်ထက်ကျယ်နေတာတွေ့ရလို့ အဆချဲ့ပြီးရေးဆွဲလိုက်ရပါတယ်..ဒီလိုပဲ သူ့နှာခေါင်းနှင့်ပါးစပ်ဟာလည်း ပုံမှန်ထက်ပိုနီးကပ်နေတာတွေ့ရလို့ အဆများစွာနီးကပ်အောင် ရေးဆွဲပစ်လိုက်ရခြင်းဖြစ်ပါတယ်...//

No comments: