Friday, March 20, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၉)A1
ပုံ(၂၉)မှာA1ရဲ့ ကယ်ရေကေချာပုံကို In-Betweener အကူအညီမပါဘဲ လွတ်လွတ်လပ်လပ် ရေးဆွဲထားတာဖြစ်ပါတယ်..မျက်နှာပေါ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု အချိုးအစားကျအောင် နှိုင်းဆညှိယူပြီး ရေးဆွဲတာဖြစ်ပါတယ်..သူ့ပါးစပ်ဆိုရင် ဓါတ်ပုံထဲမှာလို မဟုတ်ဘဲ အလွန်ကျဉ်းအောင်တမင်ရေးဆွဲထားပါတယ်..ဒီလို သူ့ပါးစပ်ကို အဆမတန်ကျဉ်းပစ်လိုက်တော့ ဖောင်းပြီးကြီးနေတဲ့ ပါးနှစ်ဖက်နဲ့ လုံးဝိုင်းပြီးပွနေတဲ့နှာခေါင်းကို ပိုမိုပေါ်လွင်ထင်ရှားစေပါတယ်..သူ့မျက်လုံးတွေကိုလည်း ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဟန်ချက်ညီပြီးလိုက်ဖက်အောင် ခပ်ကျဉ်းကျဉ်းပဲ ရေးဆွဲရပါတယ်..မျက်နှာတစ်ခုလုံးကိုတော့ စက်ဝိုင်းကြီးတစ်လုံးထဲဝင်မိအောင် ရေးဆွဲခြင်းအားဖြင့် သူ့ရဲ့ပုံသဏ္ဍန်ပေါ်လွင်ပြီး ပိုမိုထင်ရှားပီပြင်လာတာကိုတွေ့ရပါတယ်..
ပုံ(၂၇) မှာပြထားတဲ့ Susan ရဲ့မျက်နှာပုံကို တစ်ခါပြန်ကြည့်ရအောင်..တကယ်တော့ Susan ရဲ့မျက်နှာမျိုးဟာ In-Betweener မျက်နှာနဲ့ယှဉ်ကြည့်ရင် အလွန်ကျဉ်းတဲ့မျက်နှာမျိုးဖြစ်တယ်..ဒီလိုသေးသွယ်ပြီး ကျဉ်းမြောင်းနေတဲ့ မျက်နှာပိုင်ရှင်က အလွန်ကြီးနေတဲ့မျက်မှန်ကိုတပ်ထားတော့ ကယ်ရေကေချာရေးဆွဲရာမှာ ပိုမိုလွယ်ကူစေပါတယ်..ထိပ်ချွန်နေတဲ့မေးရိုးကို အဆမတန်ချွန်နေအောင် ရေးဆွဲထားလို့လည်း ဦးခေါင်းပုံစံဟာ ရှည်မျောမျောပုံစံ ဖြစ်လာပါတယ်..ဒီလိုထူးခြားမှုတွေကြောင့် သူ့ရဲ့ကယ်ရေကေချာရုပ်ပုံဟာ ပိုမိုပီပြင်စွာ ရေးဆွဲနိုင်တာဖြစ်ပါတယ်..
ပုံ(၂၂)Marianရဲ့ပုံကိုလည်း ထပ်ကြည့်ရအောင်..သူ့ရဲ့Eyelineနဲ့ ဦးခေါင်းထိပ်ကြား အကွာအဝေးဟာ ပုံမှန်Betweener ထက်ပိုပြီး ဧရိယာကျယ်နေမယ်လို့ယူဆရပါတယ်..အဲ့ဒါကြောင့် သူ့နဖူးကို ခပ်ကျယ်ကျယ်ဖြစ်အောင် ချဲ့ကားရေးဆွဲလိုက်ရပါတယ်..
ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ မျက်နှာအစိတ်အပိုင်းတွေရဲ့ သဏ္ဍန်လေးတွေကို မှတ်မိအောင်ကြည့်ပြီး လိုက်ဖက်ညီအောင် ဟန်ချက်ညီညီ ရေးဆွဲရပါတယ်.. လေ့ကျင့်မှုများလာပါက အင်္ဂါအစိတ်အပိုင်းတစ်ခုနဲ့ အခြားတစ်ခုတို့ရဲ့ နှိုင်းယှဉ်ဆက်စပ်နေမှုသဘောတွေ ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်..
 GUIDE LINE မပါလေ့ကျင့်ရေးဆွဲခြင်း
နောက်ပိုင်း ရေးဆွဲထားတဲ့ ကယ်ရေကေချာပုံတွေကို Guide Line မပါဘဲ ရေးဆွဲထားတာဖြစ်ပါတယ်..ဓါတ်ပုံလေးတွေကိုကြည့်ပြီး လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရေဆွဲထားပါတယ်..ပုံ(၃၀)မှာZal ရဲ့ဓါတ်ပုံနှစ်ပုံကိုပြထားပါတယ်..ပုံ(၃၁)မှာတော့ Paula ရဲ့ပုံနှစ်ပုံကိုပြထားပါတယ်..သူတို့နှစ်ဦးရဲ့ပုံတွေဟာ ကယ်ရေကေချာအဆွဲရ လွယ်ကူမယ့် ပုဂ္ဂိုလ်တွေကိုသာ ရွေးချယ်ရေးဆွဲသင့်ပါတယ်..ရှေ့ပိုင်းက သင်ခန်းစာတွေရဲ့အကူအညီနဲ့ လက်တွေ့ရေးဆွဲလေ့ကျင့်မှုတွေ အမြောက်အမြား ပြုလုပ်ရပါမယ်..
  Guide Line မပါဘဲ Zal နဲ့ Paula ရဲ့ပုံတွေကို အောက်မှာပြထားပါတယ် သေချာလေ့လာပြီး လေ့ကျင့်ရေးဆွဲစေလိုပါတယ်......//




No comments: