Saturday, March 21, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

စိတ်ကူးပုံရိပ်ကို ဆန့်ထုတ်ခြင်း
ခင်ဗျားကြည့်နေတဲ့ ၀ထ္ထုပစ္စည်းဟာ ခင်ဗျားမြင်ရတဲ့အတိုင်း အမှန်တကယ်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်..သူ့ရဲ့နဂိုအရှိအတိုင်း တွေ့မြင်ရတာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်..ဒီသဘောကြောင့် အဲ့ဒီဝထ္ထုပစ္စည်းပေါ်မှာ ခင်ဗျားအနေနဲ့ စိတ်ကူးပုံရိပ်ကို ကြိုက်သလောက် ဆန့်ထုတ်နိုင်တယ်..ဆန့်ထုတ်ခွင့်လည်းရှိတယ်..ဒီလိုကိုယ်ကြိုက်သလို စိတ်ကူးဆန့်ထုတ်ပြီးရေးဆွဲထားတဲ့ ကယ်ရေကေချာတွေကို Impressionistic Caricature လို့ခေါ်ပါတယ်..
ဒီအကြောင်းကို ပုံ(၃၂) Cynthia ပုံနဲ့ဥပမာပြပါမယ်..ပြီးခဲ့တဲ့အခန်းတွေမှာ မျက်နှာအစိတ်အပိုင်းတွေတစ်ခုနဲ့တစ်ခုယှဉ်တွဲဆက်စပ်ပြီး ဆန့်ကျင်တည်ရှိနေမှုတွေကို ရှင်းပြပြီးဖြစ်ပါတယ်..အခုလည်း အခြေအနေတွေပေါ်မှာပဲ စိတ်ကူးပုံရိပ်တွေ ကြိုက်သလောက် ဆန့်ထုတ်ထားတာဖြစ်ပါတယ်..Cynthia ရဲ့ဓါတ်ပုံသုံးပုံစလုံးမှာ အထူးခြားဆုံးနဲ့ အပေါ်လွင်ဆုံးအရာဟာ သူ့ဆံပင်ပဲဖြစ်ပါတယ်..ရှေ့တည့်တည့်ကကြည့်ရတဲ့ပုံဟာ စိတ်ဝင်စားစရာ အကောင်းဆုံးပုံဖြစ်ပြီး မျက်နှာပုံစံဟာလည်း ချစ်စရာကောင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်..
တကယ်တော့ သူ့ပါးစပ်ပေါက်ဟာ သိပ်မကျယ်လှပါဘူး..သူ့ဆံပင်ပွပွကြီးတွေကြောင့် ပါးရိုးသွယ်ပြီး ပါးစပ်ပေါက်ကွယ်နေသယောင် ဖြစ်နေရတာဖြစ်ပါတယ်..မျက်နှာတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် သေးသွယ်ကျဉ်းမြောင်းလှတဲ့ မျက်နှာသေးသေးလေးဟာ ပွယောင်းနေတဲ့ဆံပင်ကြားမှာ ပေါ်တယ်ဆိုရုံလောက်ပဲပေါ်နေပါတယ်..ဒီအချက်တွေကို စိတ်ကူးပုံရိပ်ဖော်ပြီး အဆမတန်ချဲ့ကားဆန့်ထုတ်လိုက်တော့ ပုံမှာမြင်ရတဲ့ချစ်ဖွယ် Cynthia ရဲ့ကယ်ရေကေချာပုံတူကို ရရှိလာပါတယ်...
ကယ်ရေကေချာ ရေးဆွဲတဲ့အခါမှာ ပုံသေသတ်မှတ်ချက်မရှိဘဲ Impressions ကိုကြိုက်တဲ့ပုံစံနဲ့ အမျိုးမျိုးဖော်ပြနိုင်ပါတယ်..ပုံစံတစ်မျိုးတည်းကိုပဲ မိမိစိတ်ကူးစိတ်သန်းပေါ်မူတည်ပြီး အသွင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ပြသနိုင်ပါတယ်..
ရေးနည်းရေးဟန် ပြောင်းလဲမှုကြောင့် Impressions တွေပြောင်းလဲသွားပါတယ်..ပုံ(၃၃)မှာပြထားတဲ့ Ruby ပုံနဲ့ နောက်စာမျက်နှာတွေက Ruby ပုံတွေဟာ ကွဲပြားခြားနားနေတာကို တွေရပါလိမ့်မယ်..ကျွန်တော်အသုံးပြုတဲ့ ပုံဆွဲဖောင်တိန်ကအစ မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..နောက်ပြီးတော့ စိတ်ထဲမှာ လှုံ့ဆော်ခံစားနေရမှုတွေ ခြားနားသွားနေလို့လည်း ဖြစ်ပါတယ်..........//



No comments: