Friday, March 27, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၃၄)က Rochelleရဲ့ပုံတွေဟာလည်း တစ်ပုံနဲ့တစ်ပုံရေးဆွဲရာမှာ ကွဲလွဲမှုရှိအောင် ရေးဆွဲထားပါတယ်..Impressions အမျိုးမျိုးရအောင်ရေးဆွဲရခြင်းပဲ ဖြစ်ပါတယ်..
ပုံ(၃၅)မှာ Natalieရဲ့ ဓါတ်ပုံ ၄ပုံကို အမြင်မျိုးစုံ အနေအထားနဲ့ ပြထားပါတယ်..ရှေ့တည့်တည့်က မြင်ရပုံမှာတော့ ခေါင်းအနည်းငယ် ငုံ့နေတာကိုတွေ့ရပါတယ်..ခေါင်းငုံ့ထားတဲ့အတွက် သူ့နှာခေါင်းချွန်ဟာ အောက်ဘက်ကိုဆိုက်နေပါတယ်..ဒီလိုကော့တက်နေတဲ့ နှာသီးပုံစံလေးကြောင့် ကယ်ရေကေချာရေးဆွဲရာမှာ ပိုမိုလွယ်ကူပီပြင်စေပါတယ်..လေးထောင့်ကျကျ မျက်နှာပုံစံကြေင့်လည်း ရှေ့တည့်တည့်ပုံကိုရေးဆွဲရတာ လွယ်ကူပီပြင်ပါတယ်..
ပုံ(၃၆) က Anthony ဓါတ်ပုံလေးတွေကိုလည်း လေ့လာကြည့်ပါ..သူ့ရဲ့ဓါတ်ပုံလေးတွေဟာ ကယ်ရေကေချာရေးဆွဲချင်စရာ အလွန်ကောင်းပါတယ်..Anthony လိုပဲ လူတော်တော်များများမှာ ဒီလို မျက်နှာသဏ္ဍန်မျိုးပိုင်ဆိုင်ကြပါတယ်..ဒီလိုမျက်နှာသွင်ပြင်မျိုးဟာ ပုံဆွဲသူကိုဘာဒုက္ခမှမပေးဘဲ ကျေနပ်နှစ်သိမ့်မှုကိုသာ ပေးလေ့ရှိပါတယ်.....//



No comments: