Saturday, March 28, 2009

ကယ်ရေကေချာရေဆွဲနည်း(ကာတွန်းဇိုဇမ်)

ုံးဖက်မြင် ကယ်ရေကေချာ( THREE DIMENSIONS)
မျက်နှာနှင့် ဦးခွံတည်ဆောက်မှုကို Two Dimensions နှစ်ဖက်မြင်နည်းအရ လေ့လာပြီးခဲ့ပြီ..အဲ့ဒီတုန်းက မျက်နှာ၊ဦးခွံရဲ့အမြင့်(အရှည်)နဲ့ အကျယ်(ဗျက်) လောက်ကိုသာ ထည့်စဉ်းစားတာဖြစ်တယ်..အခုတဖန် မျက်နှာဦးခွံအစိတ်အပိုင်းတွေရဲ့ Depth ကိုပါထည့်သွင်းရေးဆွဲကြရအောင်..ဒီနေရာမှာအရိုး၊ကြွက်သား၊အဆီအသားတွေရဲ့ အထူအပါး၊အတိမ်အနက်ထုတွေကို အထူးဂရုစိုက်ရေးဆွဲရမှာဖြစ်တယ်..လူရဲ့မျက်နှာမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုထုရှိတဲ့ ၀ထ္ထုပစ္စည်း (ဥပမာ ဘောလုံး၊သေတ္တာ၊သစ်တုံး၊ပုလင်း) တွေနဲ့ အစားထိုးပြီး ဖွဲ့စည်းမှုအသစ်တစ်မျိုးရအောင် စိတ်ကူးစဉ်းစားရမှာဖြစ်တယ်..ဒီလို ၀ထ္ထုပစ္စည်းတွေနဲ့ အစားထိုးရေးဆွဲရာမှာနီးဝေးမြင်သဘော Perspectiveကို နားလည်သဘောပေါက်ပြီး နိုင်အောင်ရေးဆွဲတတ်ဖို့လိုပါတယ်..ဒီ Perspectiveသဘောကို ရှုထောင့်မျိုးစုံကနေ ကြည့်မြင်တတ်ဖို့လိုတယ်..သက်ငြိမ်ဝထ္ထုပစ္စည်းအမျိုးမျိုးနဲ့ လေ့ကျင့်ရေးဆွဲရပါမယ်..ပုံ(၃၇)မှာလေ့ကျင့်ရမယ့် ပုံစံလေးတွေကို ပြထားပါတယ်..
ပုံ(၃၈)မှာတော့ Andrew meuon ရဲ့သုံးဖက်မြင်ပုံမျက်နှာပုံစံကိုပြထားပါတယ်..ဒီပုံကို သုံးဖက်မြင်ကယ်ရေကေချာကျွမ်းကျင်သူ Acott Johnson ဆွဲထားတာဖြစ်ပါတယ်..
ပုံ(၃၉)မှာIn-Betweener ပုံကိုသုံးဖက်မြင်ပုံစံရေးဆွဲထားပါတယ်..သူ့ရဲ့မျက်နှာဖွဲ့စည်းပုံ ပိုမိုသိသာမြင်သာအောင် လိုင်းကြောင်းလေးများနဲ့ မျက်နှာကျကိုဖော်ပြထားပါတယ်..ဒီပုံနှင့်တွဲရက် Chuckရဲ့ပုံကိုပြထားပါတယ်..Chuck ရဲ့မျက်နှာဟာ 'ထု'ပါတဲ့မျက်နှာမျိုးဖြစ်တယ်..
In-Betweenerပုံစံနဲ့သေချာနှိုင်းယှဉ်လေ့လာကြည့်ပါ..လူရဲ့ဦးခေါင်း၊မျက်နှာဟာဒါဇင်ပေါင်းများစွာသောအရိုးစုနဲ့ကြွက်သားတွေ
ဖွဲ့စည်းထားတာဖြစ်ပါတယ်..ဒီဥစ္စာတွေ အသေစိတ်သိစရာမလိုပေမယ့် လူ့ဦးခွံဖွဲ့စည်းမှုကိုတော့ သိရှိထားရပါမယ်..ဒါမှ သုံးဖက်မြင်ဦးခွံပုံစံဟာ ခင်ဗျားရဲ့ကယ်ရေကေချာ ရေးဆွဲရာမှာ 'ထု'ပါဝင်လာပြီးပုံတွေလည်း ပိုမိုအသက်ဝင်လာမှာဖြစ်ပါတယ်..ဥပမာ ပါးရိုးအတိမ်အနက်၊အထူအပါး ထုတွေကိုလေ့လာပြီး ကယ်ရေကေချာဆွဲတဲ့အခါမှာ ဒီထုအနေအထားကို ပေါ်လွင်ထင်ရှားစွာ ပြသပေးနိုင်ရပါမယ်..
ဒီ'ထု' ကိုဖော်ပြပေးနိုင်ဖို့ရန် နည်းအမျိုးမျိုးရှိပါတယ်..ကျွမ်းကျင်တဲ့ သုံးဖက်မြင်Caricaturist ဖြစ်လာတဲ့အခါကျရင်တော့ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်လာမှာဖြစ်ပြီး အခုလိုလေ့ကျင့်တဲ့အချိန်မှာတော့ ခင်ဗျားရဲ့ပုံတွေမှာDepthထုကို မပါပါအောင် ထည့်ပေးရင်း လေ့ကျင့်မှုပြုလုပ်ရပါမယ်...









1 comment:

မသက်ဇင် said...

ပညာပါပဲလေ---
ပျော်ရွှင်ပါစေ---