Friday, March 13, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၃)Meyer

Meyer ရဲ့မျက်နှာနဲ့ ဦးခေါင်းကိုလေ့လာကြည့်ရအောင်..သူ့ဦးခေါင်းနဲ့ မျက်နှာတစ်ခုလုံးဟာ အကြမ်းအားဖြင့်တြိဂံပုံဖြစ်နေပါတယ်..သူ့ရဲ့မျက်လုံးနှစ်ဖက်ဟာ နီးကပ်စွာတည်ရှိနေပါတယ်..နားထင်ဧရိယာတွေဟာ သိသာစွာကျယ်ပြန့်နေတာကို တွေ့ရပါတယ်..သူ့နှာခေါင်းထိပ်ဟာ တိုပြီးထိပ်လုံးနေတာကို တွေ့ရပါတယ်..ဒီထူးကဲနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ချဲ့ကားပြီး ရေးဆွဲလိုက်တဲအခါ Meyer ရဲ့ကယ်ရေကေချာဟာ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်..
ပုံ(၂၄) A1

A1 ရဲ့မျက်နှာနဲ့ ဦးခေါင်းဖွဲ့စည်းမှုကို လေ့လာမယ်ဆိုရင် သူ့မျက်လုံးနဲ့ ဦခေါင်းထိပ်အကွာအဝေးပမာဏနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် သိသိသာသာတိုနေတာကို တွေ့ရပါတယ်..သူ့နှာတန်ဟာ ထင်ရှားပေါ်လွင်ပြီး အောက်ဘက်ကို ဆင်းနေပါတယ်..သူ့နှုတ်ခမ်းနဲ့ နှာခေါင်းထိပ်အကွာအဝေးဟာ သိသိသာသာရှည်နေတာကို တွေ့ရပါတယ်..သူ့မျက်နှာအပါအ၀င် ဦးခေါင်းပုံသဏ္ဍန်ဟာ လေးထောင့်ပုံဖြစ်နေပါတယ်..ဆံပင်တွေဟာ သန်မာမှုမရှိဘဲပျော့အိပြီး လေထဲမှာလွင့်နေကြပါတယ်..



No comments: