Sunday, March 8, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

Caricaturistအကျော်အမော်တစ်ဦးဖြစ်ဖို့ဆိုရင်တော့ လူရဲ့ရုပ်ခန္ဓာတည်ဆောက်ဖွဲ့စည်းပုံသာမက လူ့စိတ်ဓာတ်တည်ရှိနေတဲ့ သဘောတရားတွေကိုပါ ကောင်းစွာသိရှိထားရပါမယ်..ဒါမှလည်းလူတွေရဲ့မတူတဲ့ရုပ်သဏ္ဍန်တွေနဲ့ အတွင်းစိတ်သဘောထားတွေကိုပါပေါ်လွင်အောင်ဖော်ပြနိုင်မှာဖြစ်တယ်..အထူသဖြင့်ရုပ်သဏ္ဍန်တွေဟာ တစ်ဦးနဲ့တစ်ဦး လုံးဝမတူဘဲကွဲပြားခြားနားနေပါတယ်..လူတွေဟာ စက်ထဲကနေထွက်လာတဲ့ ကုန်ပစ္စည်းတွေမဟုတ်တော့ သန်းပေါင်းဘယ်လောက်ပဲများများ တစ်ယောက်မျက်နှာဟာတစ်ယောက်နဲ့လုံးဝဥသုံတူညီတယ်ဆိုတာမျိုး မရှိတာတော့အံ့သြစရာပဲ..ဒီမတူတဲ့လူတွေရဲ့မျက်နှာကိုကယ်ရေကေချာရေးဆွဲတဲ့အခါမှာလည်း ထူခြားမှုရှိတာလေးတွေကို အဓိကထားရေးဆွဲရပ
ါတယ်..ဥပမာသူ့ရဲ့မျက်နှာမှာရှိတဲ့နှာတံဟာ ဖြောင့်သလား၊ကောက်သလား၊အပေါ်လှန်သလား၊အောက်ကွေးနေသလား၊နှာခေါင်းပေါက်ကျဉ်းသလား၊ကျယ်သလား၊ပါးစပ်ပေါက်ကျဉ်းသ
လား၊ကျယ်သလား၊နှုတ်ခမ်းတွေထူနေသလား၊ပါးသလား၊ရှေ့သွားခေါသလား၊ကျဲသလား၊ရယ်တဲ့အခါ သွားဖုံးတွေပေါ်နေသလား၊ပေါ်ရင် ဘယ်လောက်ပေါ်သလဲ၊နားရွက်ကောကြီးသလား၊ငယ်သလား၊ကားသလား၊အဲ့ဒါတွေအားလုံးဟာ ရုပ်ပြောင်ပုံတူရေးဆွဲမယ့်Caricaturistတစ်ဦး သိရှိနားလည်ထားရမယ့် အရေးကြီးလှတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်..Caricaturistတစ်ဦးဟာအမြင်ပါးနပ်လိမ္မာပြီး သွက်လက်နေဖို့လည်း အလွန်လိုအပ်ပါတယ်.....//

်ပုံ(၁၄)မျက်လုံးနမူနာများ

ပုံ(၁၅)နားရွက်နမူနာများ

ပုံ(၁၆)နှာခေါင်းနမူနာများ

ပုံ(၁၇)ပါးစပ်နမူနာများ

လူတွေရဲ့မျက်လုံး၊နားရွက်၊နှာခေါင်း၊ပါးစပ်ပုံစံအမျိုးမျိုးကိုပုံ(၁၄)(၁၅)(၁၆)(၁၇)တွေမှာပြထားပါတယ်..ဂရုတစိုက်ကြည့်ရှုလေ့လာပြီး လေ့ကျင့်ရေးဆွဲဖို့တော့လိုအပ်ပါလိမ့်မယ်..များများလေ့ကျင့်လေ မြန်မြန်ဆွဲတတ်လေပါပဲ.....//

1 comment:

Phyo Maw said...

ကောင်း၏ ကောင်း၏
wo က animation ဆွဲသစ်စ လုပ်တုန်း...
ဒီ blog ပုံမှန်လာပြီး ပုံတွေကျင့်ရမယ်။

btw word verification ကြီးဖြုတ်ထားပါလားဟင် မန့် ရတာလွယ်အောင်။ မေးစရာရှိလဲ မြန်မြန် publish လုပ်လို့ရအောင် :D cheer!!