Friday, March 13, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၇)Susan

သူ့မျက်နှာဟာ လေးထောင့်ပုံရှိပြီး ရှည်မျောနေပါတယ်..In-Betweenerမျက်နှာနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်သေးသွယ်ပြီး ရှည်နေတဲ့မျက်နှာပုံစံမျိုး ဖြစ်နေတာကိုတွေ့ရပါတယ်..အထူးခြားဆုံးကတော့ မေးရိုးခိုင်ခံ့ပြီး နှာခေါင်းသေးသွယ် ရှည်မျောနေတာပဲဖြစ်ပါတယ်..နှာတံအလွန်သေးတဲ့အတွက် မျက်လုံးနှစ်ဖက်ဟာပိုပြီး ကွားဝေးနေကြတာကို တွေ့ရပါတယ်...
ပုံ(၂၈)Richard

သူ့ရဲ့မျက်နှာပုံသဏ္ဍန်ဟာ In-Betweener ပုံစံမျိုးပဲဖြစ်ပါတယ်..ထူးခြားထင်ရှားတဲ့ အရာတွေကတော့ပြည့်ဖြိုးနေတဲ့ ပါးနှစ်ဖက်နဲ့ အသားပြည့်နေတဲ့ မေးရိုးတွေပါပဲ..သူ့နှုတ်ခမ်းဟာလည်း ပုံစံတစ်မျိုးဖြစ်နေတာကို သတိထားရပါမယ်..
ကယ်ရေကေချာရေးဆွဲမှု လေ့ကျင့်ခါစမှာသာ Construction Lineတွေဆွဲပြီး လေ့ကျင့်ဖို့လိုပါတယ်..တဖြည်းဖြည်းဆွဲကျင့်ရလာတဲ့အခါ ဒီလိုင်းတွေကို စိတ်ကူးထဲမှာပဲမှတ်ပြီး ရေးဆွဲရပါတယ်..ဒီလိုင်းတွေဟာ ကိုယ်ဆွဲမယ့်ပုံနဲ့ In-Betweener ပုံဘယ်လိုကွာခြားနေတယ်ဆိုတာ ဖော်ပြပေးတာပဲဖြစ်ပါတယ်..In-Betweener ကို Reference သက်သက်အနေနဲ့ အသုံးပြုရတာဖြစ်ပါတယ်.....///




No comments: