Friday, April 24, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

မတူညီတဲ့မျက်နှာနှစ်ခြမ်း

လူတွေရဲ့ မျက်နှာကိုအလယ်ကနေ ထောင်လိုက်နှစ်ခြမ်းခွဲပြီး လေ့လာကြည့်ရအောင်..ဘယ်ဘက်မျက်နှာခြမ်းဟာ ညာဘက်နဲ့ အတိအကျမဟုတ်ဘဲ ကွဲပြားနေတာကို တွေ့ရပါတယ်..ပုံ(၄၂)က Walt Whtman ရဲ့မျက်နှာကို လေ့လာကြည့်နိုင်ပါတယ်..သူ့ရဲ့နှာခေါင်းဟာ ညာဘက်ကို လိမ်ပြီးကောက်သွားပါတယ်..သူ့ညာဘက်နှာခေါင်းပေါက်ဟာ ဘယ်ဘက်ထက်ပိုပြီးမြင်နေပါတယ်..ညာဘက်မျက်ခုံးဟာ အပေါ်ကိုတက်သွားပြီး ညာဘက်ပိုင်းနဖူးမှာသာ အရစ်အနှစ်ကိုတွေ့ရပါတယ်..နောက်ပြီး သူ့မျက်လုံးတစ်လုံးစီကို သီးခြားလေ့လာကြည့်မယ်ဆိုရင် လူတစ်ဦးတည်းရဲ့ မျက်လုံးတွေနဲ့မတူဘဲ တခြားလူတစ်ဦးရဲ့ မျက်လုံးတွေနဲ့တူနေပါတယ်..
Walt ရဲ့ဓါတ်ပုံကို ကော်ပီကူးကာ ညာဘက်မျက်နှာခြမ်းနှစ်ခုကို တွဲပြီး ဘယ်ဘက်မျက်နှာခြမ်းနှစ်ခုကိုလည်း တွဲပြထားပါတယ်..အဲ့ဒီမှာ သူ့ပုံဟာ သီးခြားလူနှစ်ဦးရဲ့ ပုံသဏ္ဍန်အဖြစ် မြင်တွေ့ရပါတော့တယ်..အဲ့ဒါလူတွေရဲ့ မျက်နှာတစ်ဖက်ခြမ်းနဲ့ နောက်တစ်ဖက်ခြမ်းဟာ လုံးဝဥသုံ တူညီမှုမရှိကြောင်းထင်ရှားပါတယ်...//



1 comment:

မသက်ဇင် said...

ကိုထိုက်ရေ
"မတူညီတဲ့မျက်နှာနှစ်ခြမ်း"
လေ့လာသွားပါတယ်