Saturday, April 25, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၄၃)မှာLee ရဲ့ပုံကိုပြထားပါတယ်..
သူ့မျက်နှာမှာတွေ့မြင်ရတဲ့ ဒေါင်လိုက်မျဉ်းတွေနဲ့ ကန့်လန့်မျဉ်းတွေရဲ့ ဖော်ပြမှုအရ သူ့မျက်နှာရှိအခြမ်းနှစ်ခြမ်းဟာ ကွဲပြားခြားနားမှုရှိနေပါတယ်..ဒီစာအုပ်ထဲမှာ Lee ရဲ့ ကယ်ရေကေချာကို တခြားတစ်နေရာမှာလည်း တွေ့ရမှာဖြစ်ပါတယ်.. နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ရေးဆွဲထားခြင်းဖြစ်ပါတယ်..
ဒီနေရာမှာA1 ရဲ့ပုံကိုထပ်မံတွေ့ရပါတယ်..သူ့ရဲ့ဓါတ်ပုံထဲက မျက်နှာကို နှစ်ခြမ်းခွဲပိုင်းထားပါတယ်..အဲ့ဒီမှာ ဘာတွေ့ရသလဲဆိုတော့ သူ့ဘယ်ဘက်မျက်နှာခြမ်းဟာ ညာဘက်ခြမ်းထက် ပိုကျဉ်းနေတာကိုတွေ့ရပါတယ်..ဒီအခြေအနေကြောင့် သူ့မျက်နှာတစ်ခုလုံးက ဘယ်ဘက်ကို အနည်းငယ်ရွဲ့နေသယောင်မြင်ရတယ်..တကယ်တော့ သူ့မျက်နှာမရွဲ့ပါဘူး..သူ့နားရွက်နှစ်ခုနဲ့ နှာခေါင်းနှစ်ခြမ်းစလုံးဟာ အရွယ်အစားကွဲပြားမှုမတွေ့ရပါဘူး..တကယ်လို့  မျက်နှာရွဲ့စောင်းနေခဲ့ရင် အထက်ကအစိတ်အပိုင်းတွေဟာ အရွယ်အစားမညီရုံမကတည်နေရာပါလွဲသွားမှာသာဖြစ်တယ်..အလယ်က ဒေါင်လိုက်မျဉ်းကြောင်း သူ့ညာဘက်ခြမ်းမျက်နှာဟာ ဘယ်ဘက်ခြမ်းထက် ဗျက်ပိုကျယ်နေကြောင်း သိသာနေပါတယ်..အလျားလိုက်ဆွဲထားတဲ့မျဉ်းကြောင်းနဲ့ ချိန်ဆကြည့်ခြင်းအားဖြင့် သူ့မျက်လုံးတွေ တည်နေရာကွဲပြားနေတာကိုလည်း တွေ့ရပါတယ်..မျက်လုံးတစ်ဖက်ဟာ နောက်တစ်ဖက်ထက် အပေါ်ပိုရောက်နေတာကို တွေ့ရမှာဖြစ်တယ်...
ပုံ(၄၅) ဟာBill ရဲ့ပုံတွေဖြစ်ပါတယ်...
ကျွန်တော် အကြီးချဲ့ပြီး ရေ့းဆွဲထားတဲ့ သူ့ကယ်ရေကေချာကို ကြည့်ခြင်းအားဖြင့် သူ့ဘယ်ဘက်ခြမ်းမျက်နှာနဲ့ ညာဘက်ခြမ်းမျက်နှာဟာ သိသိသာသာ ကွဲပြားခြားနားနေတာကို တွေ့ရမှာဖြစ်ပါတယ်..
Sandy ရဲ့ ကယ်ရေကေချာကို Carbon Pencil နဲ့ရေးဆွဲပြီး အလင်းအမှောင်ရအောင် စက္ကူတုံးလေး တစ်ခုနဲ့ပွတ်ပြီး ခြယ်သထားတာဖြစ်ပါတယ်..မျက်နှာပေါ်က ဗြုတ်ထနေတာတွေဟာ ပုံဆွဲစက္ကူရဲ့နဂိုမျက်နှာပြင်ကြောင့် ဖြစ်ပါတယ်.....ပုံ ၄၆ ကိုရှုပါ...



1 comment:

မသက်ဇင် said...

ကိုထိုက်ရေ
လာကြည့်သွားပါတယ်
ပျော်ရွှင်ပါစေ