Sunday, April 26, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်ဇိုဇမ်)

ပြုံးရွင်နေသော ပုံတွေဆွဲပါ
လူတွေရဲ့ ကယ်ရေကေချာကို ရေးဆွဲရာမှာ ပြုံးရွင်နေတဲ့ပုံကိုပဲ ရွေးချယ်သင့်ပါတယ်..အထူးလိုအပ်ချက်မျိုးကလွဲလို့ ပြုံးရွင်နေတဲ့ပုံကို ရွေးချယ်ခြင်းဟာ ပိုမိုထိရောက်မှုရှိတာ တွေ့ရပါတယ်..ခင်ဗျာရေးဆွဲတဲ့ပုံဟာ ပြုံးရွင်နေရင် ခင်ဗျာပုံကိုကြည့်တဲ့ ပရိသတ်တွေကလည်း ပြုံးရွင်လာပါလိမ့်မယ်..ပြုံးရွင်နိုင်မှုဟာ ခွန်အားတစ်ပါးပဲဖြစ်ပါတယ်...
လူတစ်ဦး ပြုံးရွင်နေတဲ့အခါ ပါးစပ်တစ်ခုတည်းသာ ပြုံးရွင်နေတာမဟုတ်ပါဘူး..မျက်လုံး၊မျက်ခုံး၊မျက်လုံးပတ်ပတ်လည်က လိုင်းကလေးတွေ၊ပါးနှစ်ဖက်စသဖြင့်မျက်နှာမှာရှိရှိသမျှ အင်္ဂါအစိတ်အပိုင်းတွေ အားလုံးက လည်းလိုက်ပြီး ပြုံးရွင်နေကြပါတယ်..ဒီအင်္ဂါအစိတ်အပိုင်းတွေနှင့် လိုက်ဖက်စွာပဲ ကြွက်သား၊အရိုးတွေဟာလည်း ဖွဲစည်းမှုပြောင်းလဲသွားရပါတယ်..
ပုံ၄၇ နဲ့ပုံ ၄၈ မှာ ကျွန်တော့်မိတ်ဆွေတွေရဲ့ ပုံမှန်မျက်နှာထားနဲ့ ပြုံးရွင်နေတဲ့ မျက်နှာထားတွေကိုနှိုင်းယှဉ်လေ့လာကြည့်နိုင်ပါတယ်..ကျွန်တော့်မိတ်ဆွေတွေ့ရဲ့ ပြုံးရွင်နေတဲ့ ပုံသဏ္ဍန်ကိုမြင်ရတဲ့အခါမှာ အင်မတန် စိတ်ချမ်းသာသွားရပါတယ်..သူတို့ လှိုက်လှိုက်လှဲလှဲရယ်မောနေတဲ့ပုံတွေ့ရင်လည်း ပိုလို့တောင်မှ ကျွန်တော့်စိတ်ကို ပျော်ရွင်စေပါတယ်..အဲ့ဒါကြောင့် လူတစ်ဦးရဲ့ ၀မ်းသာပျော်ရွင်နေတဲ့ပုံကို ရေးဆွဲတဲ့အခါမှာ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ပုံမျိုးအဖြစ် ရေးဆွဲပါက ပိုမိုအသက်ဝင်ပြီး စိတ်ဝင်စားမှုရှိတာကို တွေရပါတယ်....
In-Betweener လို ပုံမှန်လူတစ်ဦး ရယ်မောတဲ့အခါမှာ မျက်နှာမှာရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေအားလုံးဟာ အပေါ်ဘက်ကို တက်သွားကြပါတယ်..သူ့ပါးနှစ်ဖက်၊ပါးစပ်၊မျက်လုံး၊မျက်ခုံးစတာတွေဟာ နဂိုအနေအထားကနေ အနည်းနဲ့အများ အပေါ်ကိုတက်သွားကြပါတယ်..အဲ့ဒီအခါကျရင် သူ့အပေါ်နှုတ်ခမ်းဟာ နှာခေါင်းပေါက်နဲ့ ပိုမိုနီးကပ်သွားသလို နှာခေါင်းပေါက်တွေဟာလည်း ကျယ်လာပြီး အပေါ်ဘက်ကိုပဲ တက်သွားပါတယ်...
အကောင်းဆုံးကတော့ မှန်တစ်ချပ်နဲ့ မိမိကိုယ်တိုင်ပြုံရယ်နေတဲ့ပုံကို လေ့လာကြည့်သင့်ပါတယ်..လူတစ်ဦးနဲ့တစ်ဦး ပြုံးရယ်နေတဲ့ပုံစံချင်းတော့ မတူကြပါဘူး..တချို့ကတစ်ဝက်တစ်ပျက်သာ ပြုံးရယ်နေတတ်ပြီး တချို့ကျတော့ ရာနှုန်းပြည့် ပြုံးရယ်နေတတ်ပါတယ်..ပြုံးရယ်နေသူတိုင်းလိုလို ပါးစပ်ဟကြပါရပါတယ်..အဲ့ဒီမှာ သတိထားရမှာကအပေါ်သွားတွေနဲ့ အောက်သွားတွေ မည်ရွေ့မည်မျှပေါ်အောင် ပါးစပ်ဟရယ်နေတယ်ဆိုတာပါပဲ..အားလုံးလိုလိုဟာ အပေါ်သွားတွေ ထင်ထင်ရှားရှားပေါ်လွင်အောင်ရယ်မောနေကြပြီး အောက်သွားတွေဟာ သဘောလောက်ပဲပေါ်နေတတ်ပါတယ်..တချို့ကျတော့လည်း သွားတွေလုံးဝမပေါ်ဘဲနဲ့ ပြုံးနေတတ်ကြပြန်ပါတယ်..ဒီအချက်တွေဟာတစ်ဦးချင်းရဲ့ ထူးခြားမှုလေးတွေပါပဲ....
ပုံ(၄၉)မှာ Esrom ရဲ့ပုံကိုပြထားပါတယ်..သူ့ပုံကို Carbon Pencil နဲ့ရေးဆွဲထားတာဖြစ်ပါတယ်..မျက်နှာပေါ်က အလင်းအမှောင်နေရာကို စက္ကူတုံးလေးတစ်ခုနဲ့ ပွတ်ပေးပါတယ်..ဒီပုံမှာ ထူးခြားတာက သူ့သွားတွေပဲ..အသားမည်းတဲ့လူဆိုတော့ ဆန့်ကျင်ဘက်ဖြစ်အောင် ဖွေးဖွေးဖြူတဲ့ သွားလေးတွေပေါ်လွင်ထင်ရှားအောင်လို့ ဆေးဖြူသုတ်ပေးလိုက်ရပါတယ်..
အတွေ့အကြုံနည်းသေးတဲ့ Caricaturist တစ်ယောက်သာဆိုရင် သူ့ရဲ့ကြီးမားတဲ့ နှာခေါင်းပုံစံကိုနှစ်သက်ပြီး ဘေးတိုက်တွေဆွဲမိမှာအမှန်ပဲ..ဒါပေမယ့် သူ့ရဲ့နှာခေါင်းတစ်ခုတည်း စိတ်ဝင်စားဖို့ကောင်းတာမဟုတ်ဘူး..သူ့ပါးစပ်၊ပါးနှစ်ဖက်၊မျက်လုံး၊နှာခေါင်း၊ အားလုံးဟာ ကယ်ရေကေချာ ရေးဆွဲချင်စရာတွေချည်းပဲ...ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ပုံမှာ သူ့ပါးနှစ်ဖက် သိသိသာသာ အပေါ်ကိုတင်သွားတယ်..သူ့မျက်လုံးတွေပိတ်သွားတယ်..သူ့ပါးစပ်ကလည်း အပေါ်ကိုအနည်းငယ် တက်သွားတာတွေ့ရပါတယ်..ဒီအချက်အလက်တွေက သူ့ရဲ့ကယ်ရေကေချာကို အထူးအားဖြည့်ပေးတာဖြစ်ပါတယ်...
ပုံ၅၀ မှာတော့ David ရဲ့ပြုံးရွင်နေတဲ့ မျက်လုံးတွေကို အဓိကထားပြီးရေးဆွဲထားပါတယ်..သူ့ရဲ့မခို့တရို့ မျက်နှာထားမျိုးမှာ မျက်လုံးဟာ အဓိက စိတ်ဝင်စားစရာကောင်းနေပါတယ်..ခပ်တည်တည်မျက်နှာပေးနှင့်ပြုံးရွင်နေတဲ့ မျက်နှာပေးပုံ နှစ်မျိုးစလုံးကို နှိုင်းယှဉ်ပြထားပါတယ်..ဘယ်ပုံက ပိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ ဖြစ်ပါတယ်....
ပုံ(၅၁) မှာ IRVရဲ့ လှိုက်လှိုက်လှဲလှဲ ရယ်မောနေတဲ့ပုံကို လွန်သွားပါတယ်..သူရယ်မောနေတဲ့အချိန်မှာ သူ့ဦးခေါင်းဟာ နောက်ဘက်ကို လွန်သွားပါတယ်..မျက်လုံးနှစ်ဖက်ဟာလည်း မှေးစင်းပြီးအပေါ်ဘက်ကိုကော့တက်နေတာတွေ့ရပါတယ်..ထူးခြားတာက သူ့နှာခေါင်းပေါက်တွေဟာ ကျယ်မလာဘူး..နောက်ပြီး သူ့နှာခေါင်းထိပ်နှင့် ပါးစပ်အကွာအဝေးဟာလည်း ပြောင်းလဲမသွားပါဘူး..ဒါလေးတွေဟာ သူ့မျက်နှာရဲ့ ထူးခြားပေါ်လွင်မှုလေးတွေပါပဲ.....//

1 comment:

မဆုမွန် said...

ပို့စ်အဟောင်းတွေရော အသစ်တွေရော သေသေချာချာ ဖတ်သွားတယ် အစ်မမြင်ဖူးချင်တဲ့စာရင်းထဲ တို့ထားတယ်နော် အားပေးနေတယ်