Thursday, April 30, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၅၅)မှာ Evan ရဲ့ အနေအထားသုံးမျိုးနဲ့ပုံတွေကို ပြထားပါတယ်..ပထမပုံဟာ ကယ်ရေကေချာရေးဆွဲဖို့ အကောင်းဆုံးပုံမှန်း ကြည့်လိုက်တာနဲ့ သိသာလှပါတယ်..အထူးသဖြင့် သူ့ရဲ့နှာခေါင်းထိပ်ဟာထင်ထင်ရှားရှား လုံးဝိုင်းဖုထွက်ပြီး အပေါ်ကို ကော့တက်နေပါတယ်..ပေါ်လွင်တဲ့ မျက်ခုံးပိုင်ရှင်ဖြစ်ပြီး သူ့မေးစေ့ဟာလည်း ချွန်နေတာကို တွေ့ရပါလိမ့်မယ်..
ပုံ(၅၆)မှာ Fay ရဲ့ပုံတွေကို နိုင်းယှဉ်ပြသထားပါတယ်..ပုံသုံးပုံစလုံးမှာ မျက်နှာအစိတ်အပိုင်းတွေအားလုံး ထင်ရှားပေါ်လွင်လှပါတယ်..ကောက်လိမ်နေတဲ့ဆံပင်၊ကြီးမားပေါ်လွင်လှတဲ့ နှာတံ၊ခွက်ဝင်နေတဲ့ ပါးချိုင့်၊ထူးခြားနေတဲ့ မျက်ရစ်တွေဟာ သူ့ပုံကို ကယ်ရေကေချာရေးဆွဲရာမှာ မထည့်မဖြစ်ရေးဆွဲရမယ့်အရာတွေဖြစ်ပါတယ်..Fay ရဲ့ဓါတ်ပုံမှာလို ရွေးစရာတွေ များလာခဲ့ရင် မျက်နှာအတည့်ပုံထက်ဘေးစောင်းပုံကိုသာဦးစားပေး ရွေးချယ်ပြီး ကယ်ရေကေချာ ရေးဆွဲသင့်ပါတယ်..
နောက်တစ်ခါ Amy ရဲ့ပုံတွေကို ကြည့်ရအောင်..Amy ရဲ့ပုံသုံးပုံစလုံးဟာ ကယ်ရေကေချာရေးဆွဲချင်စရာကောင်းလှပါတယ်..မျက်နှာနဲ့မလိုက်အောင် နှာတံကြီးပေါ်လွင်နေပါတယ်..ဆံပင်ပုံစံ၊မျက်လုံး၊မျက်ဆံတွေလည်း ထူးခြားနေပါတယ်..မျက်ရစ်တွေထင်ရှားပြီး မျက်တောင်တွေကော့နေတာတွေ့ရပါတယ်..ပါးကလေးဟာ ဖောင်းတက်ပြီး မေးစေ့ချွန်ထက်နေပါတယ်..ဒီပုံတွေထဲကလည်း ဘေးတိုက်ပုံကိုပဲ ကယ်ရေကေချာ လေ့ကျင့်ရေးဆွဲဖို့ တိုက်တွန်းလိုပါတယ်...
ပုံ(၅၈)မှာ ဘွားဘွား Laura ပုံတွေကိုပြထားပါတယ်.. ကယ်ရေကေချာ ရေးဆွဲဖို့ အကောင်းဆုံးပုံကတော့ ဒုတိယပုံဖြစ်တဲ့ ဘေးတစ်ဝက်စောင်းပုံပဲဖြစ်ပါတယ်..သူ့မျက်နှာမှာ သိသာထင်ရှားပြီး တစ်မူထူးခြားနေတာတွေကတော့ ဖောင်းအိလုံးဝိုင်းနေတဲ့ ပါးနှစ်ဖက်နဲ့ ပြုံးရွင်နေတဲ့ မျက်လုံ၊ပါးစပ်တွေ၊နောက်ပြီးတော့ ချစ်စဖွယ် နှာတံကောက်ကောက်ကလေးပဲဖြစ်ပါတယ်..သူ့ပုံကို ကယ်ရေကေချာရေးဆွဲရာမှာ ဘေးတစ်ဝက်စောင်းပုံတွေကို တွဲပြီးတော့ လေ့လာရေးဆွဲရပါတယ်..
ပုံ(၅၉)က ဘွားဘွား Virginia ရဲ့ပုံတွေကို လေ့လာကြည့်ရအောင်..ဒီဘွားဘွား ရဲ့ပုံတွေအားလုံးဟာ ကယ်ရေကေချာရေးဆွဲချင်စရာကောင်းတဲ့ပုံတွေချည်းပါပဲ..ဘိုသီဘတ်သီ ဆံပင်ပုံစံ၊ပြိုင်းပြိုင်းထနေတဲ့ လည်းကျောကြီးတွေ၊ခွက်ဝင်နေတဲ့ ပါးစပ်၊ရှေ့ဘက်ကို ခုံးထွက်နေတဲ့ ပါးနဲ့မေးစေ့ကလေး၊ဇရာသင်္ကေတဖြစ်တဲ့ မျက်နှာပေါ်က အတွန့်အခေါက် အရစ်ကလေးတွေ အားလုံးဟာ သူ့ရဲ့စရိုက်သဏ္ဍန်ကို ပိုမိုပီပြင်ထင်ရှားစေပါတယ်..ဘေးတိုက်ပုံနဲ့ပဲ လေ့ကျင့်စေလိုပါတယ်..
နောက်တစ်ဖန် မိတ်ဆွေကြီး Bill ရဲ့ပုံနဲ့ လေ့လာကြည့်ရအောင်..Billဟာပျော်ပျော်နေတတ်တဲ့သူဖြစ်ပါတယ်..မုတ်ဆိတ်ပါးပြိုင်း
မွေးတွေ ထူလပျစ်ထားပြီး လောကကြီးကို အရွဲ့တိုက်နေတဲ့သူပါ..သူ့ရဲ့စိတ်နေသဘောထားဟာ သူ့ရဲ့မျက်နှာမှာ ပေါ်လွင်ထက်ရှားနေပါတယ်..ကော်ကိုင်းမျက်မှန်၊မုတ်ဆိတ်၊ဆံပင်၊အားရပါးရ ရယ်မောနေတဲ့ပါးစပ်ကြီး၊များပြားလှတဲ့ မျက်လုံးဘေးက အရစ်တွေ စတာတွေဟာ သူ့ရဲ့ အမူအကျင့်စရိုက်နဲ့ကယ်ရေကေချာကို ပိုမိုပီပြင်စေပါတယ်..ဘေးတစ်ဖက်စောင်းပုံနဲ့ပဲ သူရဲ့ကယ်ရေကေချာကို လေ့ကျုင့်ရေးဆွဲစေလိုပါတယ်..ပုံ(၆၀)ကိုရှုပါ.....//



2 comments:

မသက်ဇင် said...

ကိုထိုက်ရေ
ကျေးဇူးပါ
ဓါတ်ပုံရိုက်လိုက်အုံးမယ်
ပျော်ရွှင်ပါစေ

ramanjit said...

hey thanks for visit and comment.nice blog.