Saturday, May 2, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၆၁)မှာ Sylvia ရဲ့ ဓါတ်ပုံသုံးပုံကို ပြထားပါတယ်..ဘေးတိုက်ပုံ၊ရှေ့တည့်တည့်ပုံနဲ့ ဘေးတစ်ဝက်စောင်းပုံတွေပဲဖြစ်ပါတယ်..ဒီသုံးပုံစလုံးကို ယှဉ်ကြည့်ကြရအောင်..ဘေးတိုက်ပုံမှာ သိသာပေါ်လွင်ထက်ရှားနေတာတွေကတော့ သူ့ရဲ့ မေးစေ့၊ပါးမို့မို့လေး၊ကြီးမားတဲ့လည်ပင်း၊နားထင်ကအရစ်ကြောင်းတွေနဲ့ လည်ရစ်တွေပဲဖြစ်ပါတယ်..ရှေ့တည့်တည့်ပုံမှာတော့ သိသာထူးခြားမှုတွေ သိပ်မရှိသလောက်ပါပဲ.. ဘေးတစ်ဝက်စောင်းပုံမှာ သူမရဲ့နှာခေါင်းထိပ်ဟာ လုံးပြီးဖုတက်နေတာကို သတိပြုမိပါလိမ့်မယ်..သူ့ပုံကို ကယ်ရေကေချာရေးဆွဲတဲ့အခါ ဘေးတိုက်ပုံနဲ့ ဘေးတစ်ဝက်စောင်းပုံကို ပေါင်းကြည့်ပြီး ထူးခြားပေါ်လွင်မှုကလေးတွေကို ပုံတစ်ပုံအဖြစ် ဖန်တီးရေးဆွဲထားခြင်းဖြစ်ပါတယ်..
ပုံ(၆၂)မှာ Dorothy ရဲ့ ပုံတွေကို ဖော်ပြထားပါတယ်..သုံးပုံစလုံးကို တစ်ချိန်တည်း ယှဉ်ကြည့်လိုက်ပါ..ထူးခြားပေါ်လွင်တာတွေကတော့ ပထမပုံမှာ ဆံပင်ပုံစံ၊ဒုတိယပုံမှာ ချွန်ကောက်နေတဲ့ သူမရဲ့နှာခေါင်း၊ သွားပုံစံတွေနဲ့ သိသာစွာခွက်ဝင်နေတဲ့ ပါးချိုင့်လေးပဲဖြစ်ပါတယ်..တတိယပုံမှာတော့ ကွေးကောက်နေတဲ့ မျက်ခုံးမွှေးတွေ၊ချိုင့်ဝင်နေတဲ့ ပါးချိုင့်လေးနှစ်ဖက်၊သွယ်စင်းနေတဲ့မေးရိုးစတာတွေပဲဖြစ်ပါတယ်..သူမရဲ့ ကယ်ရေကေချာပုံကိုဘေးတစ်ဝက်စောင်း အနေအထားနဲ့ရေးဆွဲတော့ ပိုမိုပီပြင်တာကို တွေ့ရပါတယ်...
ပုံ(၆၃)မှာSylvia ရဲ့ပြုံးရွင်နေတဲ့ ပုံသုံးပုံကို တွေ့နိုင်ပါတယ်..သုံးပုံစလုံး ယှဉ်ကြည့်လိုက်တဲ့အခါ စွဲဆောင်မှုအရှိဆုံး၊ အထူးခြားဆုံးပုံကတော့ ဒုတိယပုံပဲဖြစ်ပါတယ်..ပထမပုံနဲ့ တတိယပုံတွေမှာတော့ ဘာမှ ထူးခြားပေါ်လွင်မှုမရှိတာကိုတွေ့ရပါတယ်..ကြီးမားတဲ့ မျက်မှန်ကိုင်းကြီးအောက်မှာ မျက်လုံးနှစ်ဖက်အပေါ်ကို အားရပါးရ ပင့်တင်နေပြီး ပါးစပ်ကလေးဟ, နေတဲ့အနေအထားတွေကို ကယ်ရေကေချာ ရေးဆွဲရာမှာ အသားပေးဖော်ပြပေးရပါတယ်...
ပုံ(၆၄)မှာNancyရဲ့ ပုံတွေကို ပြထားပါတယ်..ပုံသုံးပုံစလုံးဟာ ကယ်ရေကျေချာပုံ ရေးဆွဲစရာတွေချည်းပါပဲ.. ထူထဲနေတဲ့ နှုတ်ခမ်း၊ဖောင်းအိလုံးဝိုင်းနေတဲ့ ပါးနှစ်ဖက်နဲ့ မာတောင့်နေတဲ့ နှာခေါင်းတွေဟာ ထူးခြားပေါ်လွင်နေပါတယ်..ကယ်ရေကေချာပုံ ရေးဆွဲတဲ့အခါမှာ ထုံးစံအတိုင်း ဘေးတစ်ဝက်စောင်းပုံကိုပဲ ရွေးချယ်ထားပါတယ်..
ပုံ(၆၅)မှာတော့ မိတ်ဆွေကြီး Leonard ရဲ့ဓါတ်ပုံလေးပုံကို ယှဉ်ပြထားပါတယ်..သူ့ရဲ့ မျက်နှာမျိုးဟာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် သူမတူအောင်ကွဲထွက်ပြီး ထူးခြားပေါ်လွင်မှုတွေ အပြည့်ရှိနေပါတယ်..နှာခေါင်းကိုကြည့်မလား၊ထိပ်ပြောင်ကြီးကို ကြည့်မလား၊ ဆံပင်ပုံစံ၊နှုတ်ခမ်းမွှေးပုံစံကိုပဲကြည့်ဦးမလား။ ကြိုက်တဲ့အနေအထားကနေ သူ့ရဲ့ ကယ်ရေကေချာပုံကို ရွေးဆွဲလို့ရပါတယ်..သိပ်ကိုထူးခြားမှုရှိတဲ့ မျက်နှာပိုင်ရှင်တစ်ဦးဖြစ်ပါတယ်..လေးပုံစလုံးကို ကယ်ရေကေချာ အရေးလေ့ကျင့်စေလိုပါတယ်..ကျွန်တော်ကတော့ ဘေးတိုက်ပုံကို အားအရဆုံးဖြစ်လို့ စတုတ္ထပုံကိုပဲ ကယ်ရေကေချာရေးဆွဲထားပါတယ်...


1 comment:

မသက်ဇင် said...

ရောက်ရှိလေ့လာသွားပါတယ် ကိုထိုက်