Sunday, May 3, 2009

ကယ်ရေကေချာရေ့းဆွဲနည်း(ကာတွန်းဇိုဇမ်)

သက်ရှိလူကိုကြည့်ပြီး ကယ်ရေကေချာရေးဆွဲခြင်း
တကယ်တော့ ဓါတ်ပုံတွေကိုကြည့်ပြီး ကယ်ရေကေချာရေးဆွဲတာဟာ သက်ရှိလူ(Model) ကိုကြည့်ပြီးရေးဆွဲသလောက် အားရစရာမကောင်ပါဘူး..ကယ်ရေ့ကေချာ ရေးဆွဲနည်းသင်တန်းပေးဖို့အတွက်ပဲကောင်းပါတယ်..ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ပုံတွေမှာ 2 Dimentions ဖြစ်တဲ့ အမြင့်နဲ့ ဗျက်အကျယ်လောက်ကိုပဲမြင်ရပြီး သက်ရှိလူမှာက အမြင့်၊ဗျက်အကျယ်၊အထူနဲ့ ဥပတိရုပ်ဆိုတဲ့ 4 Dimentions တွေကို သေချာသလေ့လာမြင်တွေ့နိုင်လို့ပါပဲ..ဒါပေမယ့် ဓါတ်ပုံကြည့်ပြီး ရေးဆွဲရမလား၊လူကိုကြည့်ပြီး ရေးဆွဲရမလားဆိုတဲ့ မေးခွန်းအတွက်အဖြေတော့ မရှိပါဘူး..ကိုယ်သန်ရာကို ရေးဆွဲနိုင်ပါတယ်..
လူကိုကြည့်ပြီး ရေးဆွဲတဲ့အခါ သူ့ရဲ့ဟန်ပန်အမူအရာတွေကိုပါ အသေမဟုတ်ဘဲ အရှင်သဘောလေ့လာခွင့်ရနိုင်ပါတယ်..ဥပမာ ဒီလူဟာ ပြုံးရယ်တဲ့အခါ ပါးစပ်ဘယ်လောက်အထိ ကျယ်သွားတတ်သလဲစကာမျိုးတွေကအစ အသေးစိတ်မြင်နေရပြီး မှတ်သားရေးဆွဲနိုင်ပါတယ်..လူကိုကြည့်ပြီး ကယ်ရေကေချာရေ့းဆွဲရာမှာ ကျွန်တော်ကတော့ မျက်လုံးတွေကနေ စပြီးရေးဆွဲလေ့ရှိပါတယ်..ပြီးတော့ နှာခေါင်း၊ပါးစပ်ရေးဆွဲပြီး နောက်ဆုံးဦးခေါင်းအောက်လိုင်းနဲ့ ဆံပင်တွေကို ရေးဆွဲလေ့ရှိပါတယ်..အကြမ်းရေးဆွဲလျာထားပြီးထပ်ကာထပ်ကာပြန်သပေးရပါတယ်..ပြန်သ,နေတုန်း သူ့အမူအရာ ပြောင်းလဲသွားရင်လည်း သဘောကျနှစ်သက်စရာဖြစ်လာခဲ့ရင် ပြန်ဖျက် ပြန်သပြီး ပြန်ရေးဆွဲလေ့ရှိပါတယ်..အသက်ပါလှုပ်ရှားနေတဲ့ အမူအရာတွေကို အဓိကသတိထားရပါတယ်..တစ်ခုသတိထားရမှာကတော့ သက်ရှိလူ(Model) ကို ကယ်ရေကေချာ ရေးဆွဲရာမှာ လျင်မြန်ဖျက်လက်မှုတော့ ရှိဖို့လိုအပ်ပါတယ်..
သက်ရှိလူကို ကယ်ရေကေချာရေးဆွဲရာမှာ ဘေးတိုက်ပုံရေးဆွဲတဲ့အခါ အခက်အခဲတွေကြုံရတတ်ပါတယ်..ဘာဖြစ်လို့လဲဆိုတော့ ဦးခေါင်းတစ်ချက်လှည့်လိုက်ရင် သူ့ပုံစံဟာ တစ်မျိုးပြောင်းလဲသွားတတ်လို့ပါပဲ..ဒါကြောင့် ဘေးတစ်ဝက်စောင်းပုံကို ရေဆွဲ့ရတာဟာ အလွယ်ကူဆုံးဖြစ်ပါတယ်..
ပုံ(၆၆) မှာ Norman ရဲ့ဦးခေါင်းအနေအထားသုံးမျိုးကို ဖော်ပြထားပါတယ်..ပထမ ကျွန်တော်နဲ့ ဝေရာဘက်ကို သူ့ဦးခေါင်းလှည့်ခိုင်းလိုက်ပါတယ်..အဲ့ဒီအခါ သူ့မျက်လုံးဟာ နှာခေါင်းရင်းချိုင့်ရဲ့ အပေါ်ကိုရောက်နေပါတယ်..သူ့နားရွက်ထိပ်ဖျားဟာ မျက်လုံးလမ်းကြောင်းရဲ့ အပေါ်နားရောက်နေပြီး သူ့နားခေါင်းပေါက်တွေလည်း ကယ်ရေကေချာဆွဲနိုင်အောင် ပိုမိုပေါ်လွင်လာပါတယ်..
သူ့ဦခေါင်း ကျွန်တော့ဘက်ကို လှည့်ခိုင်းတဲ့အခါကျတော့ သူ့မျက်လုံးတွေဟာ နှာခေါင်းရင်းချိုင့်ရဲ့ အောက်နားကိုရောက်သွားပါတယ်..သူ့နာရွက်ထိပ်ဟာလည်း မျက်လုံးလမ်းကြောင်းရဲ့အောက်နားကို ရောက်သွားပါတယ်..သူ့နှာခေါင်းပေါက်ဟာ အောက်ဘက်ကိုရောက်သွားပါတယ်..ဒီအချက်တွေက သူ့ပုံကို ကယ်ရေကေချာရေးဆွဲ ရာမှာ အထောက်အကူရစေပါတယ်........//