Monday, May 4, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

လူ့စရိုက်နှင့် လူ့မျက်နှာထား
စိတ်ထဲမှာခံစားနေရသလို လူ့မျက်နှာမှာပေါ်လေ့ရှိပါတယ်..ဥပမာစိတ်ညစ်ဝမ်းနည်းနေတဲ့ မျက်နှာ၊ပျော်ရွင်ဝမ်းမြောက်နေတဲ့ မျက်နှာစသဖြင့်ပေါ့၊ ဒါပေမယ့် နဂိုမျက်နှာထားဟာ ပုံမှန်တစ်မျိုးတည်းဖြစ်နေတတ်တဲ့ လူတစ်ချို့လည်း ရှိနေပါတယ်..ဒီလိုလူမျိုးတွေဟာ သူတို့မျက်နှာထား ပုံသေဖြစ်နေတော့ ၀မ်းနည်းဝမ်းသာမှန်း၊ စိတ်ညစ်နေမှန်းမသိရပါဘူး၊တစ်ချို့ရဲ့ မျက်နှာဟာ လူဆိုးလူမိုက့်ရဲ့ မျက်နှာပေါက်လို ဖြစ်ပေမယ့်သူတို့ရဲ့ စိတ်သဘောထားကတကယ်နူးညံ့ ပျော့ပျောင်းတာတွေလည်း တွေ့ရတတ်ပါတယ်..ဥပမာ ပုံ(၆၇)မှာပြထားတဲ့ Joe ဟာကျွန်တော့အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်ပါတယ်..သူ့မျက်နှာကိုပဲကြည့်လိုက်ရင် လူဆိုးလူမိုက်ရုပ်ပေါက်နေပါတယ်..ဒါပေမယ့် သူဟာ အလွန်နူးညံ့ပျော့ပျောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ..
အယ်လ်ဘတ်အိုင်းစတိုင်းပုံ ကြည့်မယ်ဆိုရင်ကော ဘယ်သူက ပညာရှိလို့ပြောနိုင်မလဲ..ဟစ်တလာကျတော့ တကယ့်လူဆိုးလူမိုက်ပါ..ဒါပေမယ့် သူ့မျက်နှာထားဟာ ဒီလိုအတန်းအစားထဲကလို့ဘယ်သူမှထင်မှာမဟုတ်ဘူး..ပန်းချီဆရာကြီး ပီကာဆိုမျက်နှာဆိုရင် တကယ့်လူမိုက်ရုပ်ပဲ..ဒါပေမယ့်သူဟာတကယ့် အနုပညာသမားစစ်စစ်တစ်ဦးသာဖြစ်ပါတယ်..အဲ့ဒါကြောင့် ကယ်ရေကေချာရေးဆွဲတဲ့အခါ လူ့စရိုက်နဲ့ လူ့မျက်နှာဟာ တစ်ချိုးတည်း မဟုတ်တတ်ဘူးဆိုတာကိုလည်း သတိထားရပါဦးမယ်....

BODYခန္ဓာကိုယ်ပုံ ကယ်ရေကေချာရေးဆွဲခြင်း
မျက်နှာတစ်မျိုးကိုပဲ ကယ်ရေကျေချာရေးဆွဲတတ်မယ်ဆိုရင်တော့ လုံလောက်ပြည့်စုံဦးမှာ မဟုတ်ဘူး..လူ့ရဲ့ ခန္ဓာကိုယ်ပုံကိုပါ အချိုးကျကျ ရေးဆွဲတတ်မယ်ဆိုရင် ပိုသဘာဝကျပြီး ရယ်စရာလည်းကောင်းပါတယ်..လူ့ခန္ဓာကိုယ်ကို ကယ်ရေကေချာရေးဆွဲတော့မယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားနဲ့ အရိုးစုတွေရဲ့ဖွဲစည်းတည်ဆောက်ထားပုံတွေကို လေ့လာထားရပါမယ်..
လူ့ Body ခန္ဓာကိုယ်ပုံကို ရေးဆွဲတဲ့အခါ ဓါတ်ပုံမသုံးဘဲ သက်ရှိအနေအထားကို စံပြုထားပြီး ရေးဆွဲတာဟာ အကောင်းဆုံးပါပဲ..ဒီလိုဆိုတော့ ခင်ဗျား ၀တ်လစ်စလစ် ကိုယ်ဗလာပုံတွေကို စံပြုဖို့ပြောတာလားလို့အမေးခံရပါလိမ့်မယ်..တကယ်တော့ အ၀တ်မပါတဲ့ စံပြုပုံတွေရဲ့ အနေအထားကို သေသေချာချာလေ့လာနားလည်ပြီးပါက အ၀တ်နဲ့ဖုံးပြီး ပုံဖော်လိုက်တာဟာ ပိုပြီးအသက်ဝင်၊သရုပ်ပေါ်တာကို တွေ့ရပါလိမ့်မယ်...

In-Betweener ၏ ခန္ဓာကိုယ်
ခန္ဓာကိုယ် ကယ်ရေကေချာရေးဆွဲရာမှာ မျက်နှာပုံရေးဆွဲခဲ့သလို In-Betweener Body တစ်ခုကိုသတ်မှတ်ထားရပါတယ်..In-Betweener ခန္ဓာကိုယ်ဟာ လူယောင်္ကျားတစ်ဦးရဲ့ အချိုးအစားနဲ့ အလွန်နီစပ်ပါတယ်..ခန္ဓာကိုယ်တစ်ခုလုံးကို ဦးခေါင်းအရွယ်အစားရဲ့ ခုနစ်ဆခွဲ (7 1/2 ) ယူရပါတယ်..မိန်းမပုံတွေဆွဲတဲ့အခါမှာတော့ အရွယ်အစားပိုသေးမယ်..နောက်ပြီး အလုံးအ၀ိုင်း အဖုအထစ်တွေပိုများနေတာကို တွေ့ရပါမယ်..ရင်ဘတ်ဟာ ယောင်္ကျားတွေထက် ပိုကျဉ်းပြီး တင်ပါးဆုံဟာ ကားပြီး ကျယ်ရပါမယ်..ရင်ဘတ်၊တင်ပါးနဲ့ တင်ပါးဆုံတွေဟာ အဆီအသားတွေနဲ့ ပြည့်တင်းနေရပါတယ်..မိန်းကလေးရဲ့ ဟန်ပန်အမူအရာတွေဟာ ယောင်္ကျားတစ်ဦးနဲ့မတူဘဲ နွဲ့နှောင်းညင်သာနေပါတယ်..ဒီပုံသဏ္ဍန်တွေကိုပါ ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ အဓိကပေါ်လွင်နေအောင်ရေးဆွဲရပါမယ်..တကယ်လို့ အရပ်အမောင်းရှည်နေတဲ့ ပုဂ္ဂိုလ်တွေကို ကယ်ရေကေချာရေးဆွဲ တော့မယ်ဆိုရင်တော့ ခန္ဓာကိုယ် အချိုးအစားဟာ (7 1/2 )အချိုးကနေ 8 (သို့) 9 အချိုးသို့ ချဲ့ပေးနိုင်ပါတယ်..တစ်ခုသတိထားရမှာက အများအားဖြင့် အရပ်ရှည်တဲ့လူရဲ့ ဦးခေါင်းဟာ အလွန်သေးငယ်နေတတ်ပြီး အရပ်ပုတဲ့လူရဲ့ဦးခေါင်းဟာ ကြီးမားနေတတ်ပါတယ်..ဘာပဲဖြစ်ဖြစ် လူရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို ကယ်ရေကေချာရေးဆွဲရာမှာ ဦးခေါင်းနဲ့ ကျန်ခန္ဓာကိုယ် တို့ဟာ အချိုးအစားကျပြီး စပ်ဟပ်မိဖို့တော့ လိုအပ်ပါတယ်..
 လက်မောင်းအချိုးအစားကိုယူုတဲ့အခါ လက်မောင်းရင်းနဲ့ တံတောင်ဆစ်ကြား အကွာအဝေးဟာ တံတောင်ဆစ်နှင့် လက်ကောက်ဝတ်ကြား အကွာအဝေးနဲ့တူညီနေပါတယ်..တချို့လူတွေမှာ ဒီအကွာအဝေးနှစ်ခုဟာ မညီဘဲ အတော်အတန် ကွာနေတတ်ပါတယ်..ဒီအချက်ကိုပဲ ကယ်ရေကေချာရေးဆွဲတဲ့အခါ ချဲ့ကားရေးဆွဲရပါတယ်...
 
ခြေထောက်
In-Betweener ရဲ့ ပေါင်တံအရှည်ဟာ ဒူးခေါင်းနဲ့ ခြေမျက်စိကြား အကွာအဝေးအတိုင်းဖြစ်ပါတယ်..တချို့လူတွေမှာတော့ ဒူးခေါင်းဟာ အလယ်မှာရှိချင်မှရှိနေပါတယ်..ဒူးခေါင်းရဲ့ အနေအထားပေါ်မူတည်ပြီး သူ့ကယ်ရေကေချာ ပုံသဏ္ဍန်ဟာလည်း ပြောင်းလဲသွားရပါတယ်..
လက်မောင်း
In-Betweener ရဲ့လက်မောင်းနဲ့ လက်ချောင်း ပုံမှန်အနေအထားအတိုင်းရှိနေတဲ့အခါ လက်ချောင်းထိပ်ဖျားတွေဟာ ပေါင်တံအရှည်ရဲ့အပေါ်ဘက် သုံးပုံတစ်ပုံခန့်မှာ ရောက်နေပါတယ်.....//






No comments: