Wednesday, May 6, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကိုယ်အလယ်ပိုင်း
In-Betweener မှာ တင်ပဆုံကွင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလယ်တည့်တည့်နေရာမှာ ရှိနေပါတယ်..ပုံ(၇၃) ကိုကြည့်မယ်ဆိုရင် ပထမပုံမှာပုံမှန် In- Betweener ရဲ့ အနေအထားကို မြင်တွေ့နိုင်ပါတယ်..ဦးခေါင်းထိပ်နှင့် တင်ပဆုံကွင်းကြားအကွားအဝေးဟာ ခြေဖ၀ါးနဲ့ တင်ပဆုံကွင်းကြားအကွာအဝေးနဲ့ အတူတူပဲဖြစ်ပါတယ်..
ဒုတိယပုံမှာ တင်ပဆုံကွင်းဟာ အောက်နားကို ရောက်ရှိနေပြီး တတိယပုံမှာတော့ တင်မဆုံကွင်းဟာ အပေါ်နားကို ရောက်ရှိနေပါတယ်..
 လူခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ကယ်ရေကေချာရေးဆွဲတဲ့အခါ ကျန်တဲ့အစိတ်အပိုင်းတွေရဲ့ ပုံသဏ္ဍန် အချိုးအစားတွေပါ လိုက်ပြောင်းလဲပေးရပါတယ်..ဥပမာ ဗိုက်ပူနေတဲ့လူရဲ့ ဗိုက်ကို ဒီထက်မက ပူနေအောင် ရေးဆွဲလိုက်တာနဲ့ သူ့ရဲ့ အောက်ပိုင်းဖြစ်တဲ့ ခြေထောက်ကိုလည်း ဒီထက်မက ရှူးနေအောင်ရေးဆွဲရပါတယ်..ကိုယ်ရေးဆွဲမယ့်လူရဲ့ အပိန်အ၀၊အနုအရင့်တွေဟာ သူ့ဘေးပတ်ဝန်းကျင်မှာဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထားနဲ့ အသက်အရွယ်တို့အပေါ်မှာလည်း မူတည်ပါတယ်..
ဥပမာ ၀နေသူရဲ့ဘေးနားမှာ ခပ်၀၀လူတစ်ယောက်ကို ရေးဆွဲဖော်ပြထားမယ့်အစား အလွန်ပိန်တဲ့ လူတစ်ယောက်ရဲ့ပုံကို ဖော်ပြလိုက်ပါက ကိုယ်ဆွဲမယ့်လူရဲ့ ကယ်ရေကေချာပုံဟာ ပိုမိုပေါ်လွင်ပြီး ထိရောက်မှုရှိမှာဖြစ်ပါတယ်..ထိုနည်းတူပဲ ကလေးတစ်ယောက်ရဲ့ ကယ်ရေကေချာကို ရေးဆွဲဖော်ပြရာမှာ သူ့ဘေးမှာရွယ်တူကလေးတစ်ယောက်ရဲ့ပုံ ကိုဖော်ပြမယ့်အစား အသက်အရွယ်ကြီးရင့်နေသူတစ်ဦးရဲ့ပုံကို ဖော်ပြပေးတာဟာ ပိုမိုထိရောက်မှုရှိတာကို တွေ့ရပါတယ်..လူတွေရဲ့  အကျင့်စရိုက်ကိုလည်း သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ လူပုဂ္ဂိုလ်၊ အရာဝထ္ထုတွေကို လေ့လာခြင်းဖြင့် ခန့်မှန်းနိုင်ပါတယ်..........//






No comments: