Friday, May 8, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

အ င်္ကျီ အ၀တ်အထည်
ဘယ်အရာမဆို အမြဲပြောင်းလဲနေတယ်ဆိုတာ သိကြပြီးဖြစ်ပါတယ်..လူတွေရဲ့ အ၀တ်အထည်ဒီဇိုင်းပုံစံတွေဟာလည်း အချိန်နဲအမျှ ပြောင်းလဲနေတာကို တွေ့ရပါမယ်..လူတစ်ဦးရဲ့ ကယ်ရေကေချာကို ရေးဆွဲရာမှာ သူဝတ်တဲ့အ င်္ကျီအ၀တ်အထည်လည်း အဓိကကျနေပါတယ်.ဥပမာ သူဝတ်လေ့ရှိတဲ့ အ၀တ်အထည်တွေကို မှတ်ထားပါက သူ့ရုပ်သဏ္ဍန်ကို ပိုမိုပီပြင်အောင်ရေးဆွဲလို့ရပါတယ်..ဂန္ဒီကြီးရဲ့ ကယ်ရေကေချာရေးဆွဲတော့မယ်ဆိုရင် သူ့ရဲ့ ၀တ်ရုံကြီး(ဒူတီ)ကို ထည့်ရေးဆွဲလေ့ရှိပါတယ်..ပွပြီကြီးတဲ့ အ င်္ကျီမျိုးမှာတော့ ခေါက်ကြောင်းနှင့် အရစ်ကြောင်းကြီးတွေ အများအပြားတွေ့ရမှာဖြစ်သလို ကျပ်ပြီးသေးနေတဲ့ အ င်္ကျီ တွေမှာတော့ ခေါက်ကြောင်းရာတွေမပါတာကိုလည်း တွေ့ရပါတယ်..ဒါပေမယ့် လိုအပ်ရင်လိုအပ်သည့်နေရာမှာ အရစ်ကြောင်းနဲ့ ခေါက်ကြောင်းတွေကို ထည့်ပေးသင့်ပါတယ်..ပုံ(၇၅)မှာ နမူနာပုံစံတချို့ ဖော်ပြထားပါတယ်...
ပုံကို လွတ်လွတ်လပ်လပ်ရေးဆွဲပါ
ကယ်ရေကေချာပုံကို ရေးဆွဲတဲ့အခါ စိတ်လွတ်ကိုယ်လွတ် အေးအေးဆေးဆေး ရေးဆွဲရပါတယ်..ကျွန်တော်ကတော့ ဓါတ်ပုံ၊ဒါမှမဟုတ် လူမျက်နှာကို ကြာကြာကြည့်လေ့မရှိဘဲ လျှပ်တစ်ပြက်ကြည့်ကာ လွတ်လွတ်လပ်လပ် ကောက်ရေးဆွဲလေ့ရှိပါတယ်..ပုံ(၇၆)မှာ ကယ်ရေကေချာပုံသုံးမျိုးကို တွေ့ရပါလိမ့်မယ်..ပထမနှစ်ပုံဟာ အချိန်ယူပြီး အသေးစိတ်ရေးဆွဲထားတာဖြစ်ပါတယ်..ကျွန်တော့်အနေနှင့် လွတ်လွတ်လပ်လပ် သွက်သွက်လက်လက်ရေးဆွဲထားတဲ့ နောက်ဆုံးပုံကိုသာ အနှစ်သက်ဆုံးဖြစ်ပါတယ်....