Saturday, May 9, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဓါတ်ပုံကိုကြည့်ပြီး ကယ်ရေကေချာရေးဆွဲခြင်း
ဓါတ်ပုံရိုက်ခန်း စတူဒီယိုထဲမှာ ရိုက်တဲ့ဓါတ်ပုံတွေဟာ သဘာဝမကျဘဲ တောင့်တောင့်ကြီးတွေဖြစ်နေလေ့ရှိတတ်ပါတယ်..အများအားဖြင့် ရှေ့တည့်တည့်ပုံတွေသာ ရိုက်တတ်ကြပြီး ကယ်ရေကေချာရေးဆွဲဖို့ရန်မျက်နှာအနေအထား ပုံသဏ္ဍန်လုံလောက်မှုမရှိပါ..ဥပမာ သူ့ရဲ့နဖူး ဘယ်လောက်မောက်တယ်၊ မေးရိုး၊နှာခေါင်း ဘယ်လောက်ချွန်တယ်၊ပြားတယ် စတာတွေကို ထင်ရှားစွာ မသိမြင်နိုင်ပါ..
တခါတလေကျတော့ မီထိုးပြတာ မမှန်တဲ့အတွက် ဓါတ်ပုံတွေဟာ ထင်ရှားပေါ်လွင်မှုမရှိလို့ ဒုက္ခရောက်တတ်ပါတယ်..မီထိုးတဲ့သူဟာ ဓါတ်ပုံမှာ ပေါ်လွင်ထင်ရှားစေလိုတဲ့ အစိတ်အပိုင်းတွေကိုအသေးစိတ် မီးထိုးပြနိုင်ရပါမယ်..ဥပမာ ဓါတ်ပုံရိုက်ခံရတဲ့သူမှာ မေးရိုးနှပ်ထပ်ရှိသလား၊စလုပ်အရွယ်အစားကြီးသလား၊ငယ်သလား၊မျက်နှာပေါ်က အရစ်ကြောင်းတွေထင်ရှားနေသလား စတာတွေကိုသတိထားပြီး ဓါတ်ပုံထဲပါအောင် မီးထိုးပြီး ရိုက်နိုင်ရပါမယ်..ဓါတ်ပုံဟာ မထင်မရှား၊မပေါ်မလွင်ဖြစ်နေပါက Touching ပြန်လိုက်ရပါတယ်..အဲ့ဒီအခါ မျိုးမှာ ရုပ်ပုံဟာ နဂိုပုံစံနှင့် မတူတော့ဘဲ ကွဲလွဲနေတတ်ပါတယ်..။
ဓါတ်ပုံတွေသုံးပြီ ကယ်ရေကေချာ ဆွဲကိုဆွဲရမယ်ဆိုရင်တော့ ထင်ရှားပီပြင်တဲ့ ဓါတ်ပုံလေးတွေကိုသာရွေးချယ်သင့်ပါတယ်..ရှေ့တည့်တည့်ပုံ၊ဘေးတစ်ဝက်စောင်းပုံ၊ဘေးတည့်တည်
ပုံတွေကိုရအောင်ရွေးယူပါ..ပုံ(၇၇)မှာ Archie ရဲ့ပုံတွေကို ပြထားပါတယ်..သူ့လို မျက်နှာမျိုးဟာ ဘေးတည့်တည့်ပုံကို ရေးဆွဲရတာ အလွယ်ကူဆုံးနှင့် အပေါ်လွင်ဆုံးဖြစ်ပါတယ်..ရှေ့တည့်တည့်နှစ်ပုံမှာတော့ ဘယ်ဘက်ကပုံဟာ Touching ပြန်လိုက်ထားရတဲ့ပုံဖြစ်ပြီး ကယ်ရေကေချာရေးဆွဲရာမှာ အသုံးပြုသင့်တဲ့ ဓါတ်ပုံဖြစ်ပါတယ်..ညာဘက်ကပုံမှာ သူ့မျက်နှာပေါ်က ထင်ရှားပေါ်လွင်နေတဲ့ အရစ်ကြောင်းတွေကအစ မျက်နှာအစိတ်အပိုင်းတွေရဲ့အလင်းအမှောင်ကွဲပြားမှုတွေဟာ
ပေါ်လွင်တဲ့အတွက်ကြောင့် အဲ့ဒီပုံကိုပဲ ကယ်ရေကေချာရေးဆွဲရာမှာ အသုံးပြုထားပါတယ်..
ပုံ(၇၈)မှာတော့ John ရဲ့ ပုံသုံးပုံကိုပြထားပါတယ်..သူ့မျက်နှာကို သေချာလေ့လာကြည့်ပါ..ရှေ့တည့်တည့်ပုံဟာ ကယ်ရေကေချာရေးဆွဲဖို့ အလွန်ခက်ခဲတဲ့အနေအထားမျိုးမှာရှိနေပါတယ်..တကယ်လို့ ကျွန်တော့်မှာ ဒီရှေ့တည့်တည့်က ရိုက်ထားတဲ့ဓါတ်ပုံတစ်ပုံထဲသာရှိခဲ့မယ်ဆိုရင် သူ့ရဲ့ ကယ်ရေကေချာပုံတောင်ရေးဆွဲတတ်တော့မှာမဟုတ်ပါဘူး..ဘေးစောင်းပုံနဲ့ ဘေးတစ်ဝက်စောင်းပုံတွေရှိနေလို့ သူ့ကယ်ရေကေချာပုံတွေကို စိတ်တိုင်းကျရေးဆွဲနိုင်တာ ဖြစ်ပါတယ်..
ပုံ(၇၉) မှာ Arturo ရဲ့ သတင်းစာဖြတ်ပိုင်းပုံနှစ်ပုံကိုပြထားပါတယ်..ပထမပုံဟာ သိပ်ကိုညံ့တဲ့ပုံဖြစ်ပြီး သူ့မေးရိုးအရွယ်အစားကိုတောင် ခန့်မှန်းဖို့မလွယ်ပါဘူး..ဒုတိယပုံဟာ အနည်းငယ်ပိုကောင်းပေမယ့် စိတ်တိုင်းကျတဲ့ ပုံမျိုးတော့မဟုတ်ပါဘူး..ပိုဆိုးတာက ရှေ့တည့်တည့်ပုံနဲ့ ဘေးတိုက်ပုံနှစ်ပုံဟာ လူတစ်ဦးတည်းပုံနဲ့မတူဘဲ လူနှစ်ယောက်ရဲ့ ပုံကဲ့သို့ဖြစ်နေပါတယ်..ဒီလိုပုံသဏ္ဍန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ ရိုးရိုးနည်းနဲ့မရေးဆွဲဘဲ Abstract ဒါမှမဟုတ် 3 Dimensional Drawing ပုံစံမျိုးနဲ့ဖြစ်ဖြစ် ရေးဆွဲပါက ပိုမိုသရုပ်ပေါ်ကောင်းမွန်တာကို တွေ့ရပါတယ်..သူ့ရဲ့ကယ်ရေကေချာကို ပုံစံနှစ်မျိုးစလုံးနဲ့ ရေးဆွဲပြထားပါတယ်..
ပုံ(၈၀)မှာလည်း Leopold Stokowski ရဲ့ သတင်းစာဖြတ်ပိုင်းပုံကိုပြထားပါတယ်..ပုံ(၇၉)က ပုံတွေထက် ပိုမိုကောင်းမွန်တဲ့ အနေအထားမျိုးရှိနေပါတယ်..ဒါပေမယ့် မျက်လုံးတွေနဲ့ ပါးစပ်အနေအထားမပေါ်လွင်တဲ့အတွက် ပိုမိုတိကျအောင် သူ့ရဲ့ ဓါတ်ပုံတွေကို ပြန်ကြည့်ခဲ့ရပါတယ်..သူ့ကယ်ရေကေချာကို  3 Dimensional ပုံစံမျိုးဖြစ်အောင် ရေးဆွဲထားတာဖြစ်ပါတယ်..ပုံ(၈၁)မှာ Gary နဲ့ Bobby ရဲ့ဓါတ်ပုံတွေကို ပြထားပါတယ်..သူတို့ရဲ့ ဓါတ်ပုံတွေဟာ ကယ်ရေကေချာရေးဆွဲဖို့ အလွန်ကောင်းတဲ့ပုံလေးတွေပဲ ဖြစ်ပါတယ်..နှစ်ဦးစလုံးမှာ သူများထက်ထူးကဲပေါ်လွင်တဲ့ မျက်နှာအစိတ်အပိုင်းတွေရှိနေကြပါတယ်..Gary မှာအလွန်ထူးခြားတဲ့ နှာတံနဲ့ပါးစပ်၊ မေးရိုးတွေရှိနေပြီး Bobby မှာတော့ လုံးဝိုင်းပြီး ဖောင်းအိနေတဲ့ပါးနှစ်ဖက်နဲ့မျက်နှာပိုင်ဆိုင်နေပါတယ်..ဒီလို ဓါတ်ပုံမျိုးတွေဟာ ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် ကယ်ရေကေချာရေးဆွဲသူကို ဒုက္ခပေးလေ့မရှိတာကို တွေ့ရပါတယ်......//





No comments: