Tuesday, May 12, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ABSTRACT နည်းဖြင့် ကယ်ရေကေချာရေးဆွဲခြင်း
Abstract နည်းကို အသုံးပြုပြီး ကယ်ရေကေချာရေးဆွဲလို့ရပါတယ်..ကျွန်တော်ဆိုလိုတာကတော့ ဆေးဘူးထဲကဆေးကို ညှစ်ထုတ်ပြီး Canvas ပေါ်တင် ဟိုခြစ်ဒီခြစ်လုပ်တာမျိုးတော့ မဟုတ်ပါဘူး..Abstract ကယ်ရေကေချာဟာ အထိန်းအကွပ်နဲ့ရေ့းဆွဲရတဲ့ အနုပညာတစ်မျိုးပဲဖြစ်ပါတယ်..Abstract ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကိုက ချုံ့ထုပ်ခြင်း၊ အနှစ်သာရကို ဖော်ထုတ်ခြင်း စကာမျိုးတွေနဲ့ ဖွင့်ချထားတာတွေ့ရပါတယ်..ကျွန်တော့်အမြင်မှာတော့ Abstract Arts တွေကို ဖန်တီးနေသူတစ်ဦးဟာ သဘောရိုးနဲ့ သူ့ရဲ့အနုပညာ အဆီအနှစ်တွေကို အကျဉ်းချုံးဖော်ပြနေတယ်လို့ထင်ပါတယ်..ဥပမာပုံ(၁၁၅)မှာ ပြထားတဲ့ စားပွဲရဲ့ ပုံစံလေးကိုသာကြည့်လိုက်ပါ..အရိုးရှ့င်းဆုံး ပုံစံအနေနှင့် လေ့လာကြည့်လို့ရပါတယ်..စားပွဲဟာ ခြေလေးချောင်းပါပြီး စက်ဝိုင်းပုံဝထ္ထုပစ္စည်းတစ်ခုသာဖြစ်ပါတယ်..တကယ်တန်းတော့ အနီးအဝေးမြင် Perspective ဟာဒီစားပွဲအတွက် တကယ်ရှိနေတဲ့အရာ၊ အနှစ်သာရ၊အဆီအနှစ်တစ်ခုတော့မဟုတ်ပါဘူး..ဒါကြောင့် စားပွဲ့ရဲ တကယ်မရှိတဲ့အင်္ဂါတစ်ခုအနေနှင့်သာ သတ်မှတ်ထားပါတယ်..တကယ်ရှိနေတာကတော့ အ၀ိုင်းတစ်ခုရယ်၊ရှည်မျောမျော အချောင်းလေးချောင်းရယ်ပါပဲ..ဒီသဏ္ဍန်ငါးခုကိုပေါင်းစပ်ဖွဲ့စည်းထားတာဟာ စားပွဲတစ်လုံးပါပဲ..Abstract Drawing အနေနှင့် သရုပ်ဖော်ရေးဆွဲတဲ့အခါ ဒီငါးခုကို မိတ်ဖက်ဖြစ်အောင် အရိုးဆုံး၊ အရှင်းဆုံးနည်းနဲ့ ရေးဆွဲရပါတယ်..တကယ်တန်းတော့ အမှန်တရားတစ်ခုကို ဖော်ထုတ်ပြလိုက်ခြင်းပါပဲ..
ပုံ(၁၁၆)မှာ ကျွန်တော့်ရဲ့ မျက်နှာကို Abstract Caricature ပုံစံအနေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်..နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ ကျွန်တော့ရဲ့ မူပိုင် Logo တံဆိပ်ပါပဲ..တဖြည်းဖြည်းဆံပင်တွေပြောင်လာတော့ ဆံပင်တွေကိုဖြုတ်လိုက်ပြီး မျက်နှာတစ်ခုတည်းကိုပဲ ဆက်လက်အသုံးပြုထားပါတယ်..နှုတ်ခမ်းမွေး တစ်ဖက်ကိုလည်း စာကြောင်းတစ်ကြောင်းအနေနဲ့ ဖန်တီးထားပါတယ်..ဒီလို ရုပ်ပုံနဲ့ စာတွဲထားတော့ Surrealism ပုံတစ်ပုံတည်း ဖြစ်လာပါတယ်..
ပုံ(၁၁၇)မှာ John Lewis ရဲ့ ကယ်ရေကေချာပုံကို abstract ပုံအဆင့်အထိ အဆင့်ဆင့်ရေးဆွဲပြသထားပါတယ်..သူဟာ အထင်ကရ ကျောက်မီးသွေးသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်..သူ့ရဲ့ထူးခြားမှုကတော့ Bull Dog မျက်နှာနဲ့ ချုံပုတ်မျက်ခုံးမွေးပိုင်ရှင်တစ်ဦးပါပဲ..လူထုက သူ့မျက်နှာကို ကောင်းစွာမှတ်မိနားလည်ပြီးသားဖြစ်ပါတယ်...
ပုံ(၁၁၈) မှာတော့ Barry ရဲ့ပုံကို ပုံတူအဆင့်ကနေ ကယ်ရေကေချာ၊အဲ့ဒီကနေ Abstract အဆင့်အထိ အဆင့်ဆင့်ကူးပြောင်းရေးဆွဲပေးထားပါတယ်..လေ့လာမှတ်သားပြီး အကြီမ်ကြီမ်ရေးဆွဲလေ့ကျင့်စေလိုပါတယ်....


No comments: