Sunday, May 10, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၈၉) မှာ Susan ရဲ့ ချစ်စဖွယ်အမူအရာလေးကို ကယ်ရေကေချာရေးဆွဲထားပါတယ်..ပါးစပ်ထဲ လက်နှိုက်ထည့်တဲ့အကျုင့်ဟာ ကလေးတွေရဲ့ အပြုအမူလေးတစ်ခုပါပဲ..သူရဲ့ စရိုက်အပြုအမူလေးပိုမိုပေါ်လွင်အောင် ပါးစပ်ထဲ လက်နှိုက်ထည့်နေတဲ့ ပုံကိုပဲ ရွေးချယ်ရေးဆွဲထားပါတယ်..
ပုံ(၉၀)နဲ့ ပုံ(၉၁) မှာတော့ Jennifer နဲ့ D'mitriတို့ရဲ့  ချစ်စဖွယ်ပုံကလေးတွေကို နှိုင်ယှဉ်ဖော်ပြထားပါတယ်.. Jenniferရဲ့ မျက်နှာအနေအထားသုံးပုံမှာ အမူအရာသံးမျိုးကို တွေ့နိုင်ပါတယ်..အောက်ဆုံးပုံမှာတော့ သူ့ရဲ့ ကျိုးနေတဲ့ သွားကလေးပေါ်လွင်ပြီး အလွန်ချစ်စရာကောင်းနေတဲ့အတွက်ကြောင့် အဲ့ဒီပုံကိုပဲ ကယ်ရေကေချာရေးဆွဲထားပါတယ်..
D'mitri ရဲ့ပုံသုံးပုံမှာ အောက်ပုံနှစ်ပုံဟာ ကလေးသဘာဝသွားကလေးတွေ ကျိုးနေတဲ့ပုံစံလေးပဲဖြစ်ပါတယ်..ကလေးတွေရဲ့စရိုက် ပိုမိုပီပြင်နေတာကို လည်းတွေ့ရပါမယ်...
ကလေးသူငယ်တွေရဲ့ ကယ်ရေကေချာ ရေးဆွဲရာမှာ သူတို့ရဲ့ မျက်လုံးလေးတွေကိုတော့ အထူးသတိထားရပါမယ်..သူတို့ရဲ့ စိတ်နေသဘောထားကို သူတို့ရဲ့ မျက်လုံးလေးတွေမှာ ထင်ဟပ်ဖော်ပြနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်..ကလေးသူငယ်တွေရဲ့ ကယ်ရေကေချာတွေ ရေးဆွဲတော့မယ်ဆိုရင် သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်ရပါမယ်.....//

No comments: