Monday, May 11, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဟန်အမျိုးမျိုး၊ နည်းပုံစံအမျိုးမျိုးဖြင့် ကယ်ရေကေချာရေးဆွဲခြင်း
ကယ်ရေကေချာပုံဆွဲအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရည်ရွယ်သူတစ်ဦးအနေနဲ့ ကယ်ရေကေချာရေးဆွဲတဲ့အခါ ပုံစံ၊ဟန်နဲ့ နည်းစနစ်တွေမျိုးစုံအသုံးပြုပြီး လေ့ကျင့်ရေးဆွဲရပါမယ်..အများအားဖြင့်  Caricaturist တွေဟာ Art Director တွေရဲ့အကြိုက်ကို လိုက်ရေးဆွဲပေးလေ့ရှိကြပါတယ်..ဒါပေမယ့် လူတစ်ဦးနှင့်တစ်ဦးဟာ အားလုံးအကြိုက်ချင်းတူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..Art Director တစ်ဦးနဲ့ တစ်ဦးတောင်မှ အကြိုက်ချင်းမတူကြတာများပါတယ်..ကယ်ရေကေချာသမားတစ်ဦးအနေနဲ့ ကိုယ်ပိုင်ဟန်တွေ ဖော်ထုတ်ဖို့အဓိက ကြိုးစားရပါတယ်..ကိုယ်ပိုင်ဟန်အပြင် တခြားဟန်၊ပုံစံနဲ့ နည်းစနစ်တွေကိုလည်း တတ်မြောက်ထားသင့်ပါတယ်..
ဒီစာအုပ်ထဲမှာတော့ ပုံစံနည်းစနစ်နှစ်မျိုးနဲ့ ရေးဆွဲဟန်မျိုးစုံကို ဖော်ပြထားပါတယ်..ကယ်ရေကေချာရေးဆွဲနည်းဟာ ပုံသေဖြစ်မနေဘူးဆိုတာကို အဓိက ပြသချင်လို့ပါပဲ..ဒီနည်း ၊ဟန်၊စနစ်တွေအားလုံးကို သေချာလေ့လာပြီး လေ့ကျင့်ရေးဆွဲပါက ပျော်စရာလည်းကောင်း ပညာလည်းတိုးလာပါလိမ့်မယ်..
ပုံ(၁၁၁) မှာပြထားတဲ့ Sol ရဲ့ ပုံဆိုရင် ပုံစံမျိုးစုံ၊ ဟန်မျိုးစုံ ရေးဆွဲနဲ့ ရေးဆွဲလို့ အင်မတန်ကောင်းလှပါတယ်..
ပုံ(၁၁၂) မှာကျွန်တော့်ရဲ့ ကယ်ရေကေချာပုံကို ရေးဆွဲပြထားပါတယ်..အဲ့ဒီအချိန်တုန်းက ကျွန်တော့်မှာ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးတွေ ရှိခဲ့ပါတယ်..ဆန်းသစ်တီထွင်ထားတဲ့နည်းစနစ်ကို အသုံးပြုပြီး ကယ်ရေကေချာ ရေးဆွဲထားတာဖြစ်ပါတယ်..ကုဗတုံး ပုံစံ၊ကျူဗစ်ဇင်ပုံစံမျိုးဖြစ်ပါတယ်..မည်သည့်နည်းစနစ်မျိုးအသုံးပြုပြီးရေးဆွဲရမယ်ဆိုတာကိုတော့  ပုံသေမရှိလို့ အတိအကျဖော်ပြလို့မရပါဘူး..
အင်ပရေးရှင်းနေရှင်း( IMPRESSIONISM) နည်းကိုအသုံးပြုခြင်း
တကယ်တော့ ကယ်ရေ့ကေချာဆိုတာ လူတစ်ဦးရဲ့ရုပ်ပုံကို ပုံမှန်အနေအထားကနေ အင်ပရေးရင်းနည်းကို အသုံးပြုပြီးတော့ ဆွဲဆန့်ချဲ့ကားပြီး ပုံဖော်လိုက်တာပဲဖြစ်ပါတယ်..ပန်းချီအနုပညာမှာတော့ အင်ပရေးရင်းနေရှင်းကို တွင်တွင်ကျယ်ကျယအသုံးပြုနေကြပါပြီ..အထူးသဖြင့် ပြင်သစ်အနုပညာသမားတွေဆိုရင်ဆန်းသစ်တီထွင်ပြီး ပုံစံအမျိုးမျိုး ၊ဟန်အမျိုးမျိုး နဲ့ အင်ပရေးရှင်းနေရှင်းကို ချဉ်းကပ်နေကြတာကို တွေ့ရပါတယ်..ဥပမာ အရောင်များကို ရောစပ်မှုမပြုတော့ဘဲ တစ်ရောင်ခြင်း လိုက်ခြယ်တာမျိုး၊စုတ်ချက်လိုက်ပန်းချီကားပေါ်မှာ ဆေးသားတင်တာမျိုး၊ဆံပင်များကိုရေးဆွဲရာမှာ တစ်ပင်ချင်းရေးဆွဲတာမျိုး၊ သစ်ပင်တောတောင်များကို ပုံစံတူသရုပ်အဖော်တော့ပဲ အပြားလိုက်ဖြစ်ဖြစ်၊ အလုံးလိုက်ဖြစ်ဖြစ် သရုပ်ဖော်ခြင်း စသည်ဖြင့်နည်းမျိုးစုံ၊ဟန်မျိုးစုံကို အသုံးပြုတတ်ကြပါတယ်..အမှန်တော့ အင်ပရေးရှင်းစနစ်တွေဟာ သူတို့မြင်တဲ့အတိုင်း မရေးဆွဲဘဲ သူတို့ထင်တဲ့အတိုင်း သူတို့ခံစားတဲ့အတိုင်းသာရေးဆွဲကြလေ့ရှိပါတယ်..ဒီအတိုင်းပါပဲ..ကယ်ရေကေချာ အင်ပရေးရှင်းနစ်တွေလည်း သူတို့မြင်တဲ့အတိုင်း မရေးဆွဲပဲ ခံစားရတဲ့အတိုင်းသာ ရေးဆွဲလေ့ရှိကြပါတယ်..ပုံ(၁၁၃) နှင့် ပုံ(၁၁၄) မှာ Chelle နဲ့ Ruby ရဲ့ ပုံတွေကို အင်ပရေးရှင်းနေရှင်းနည်းဖြင့် ရေးဆွဲထားပါတယ်..ဒီနှစ်ဦးရဲ့ ပုံတွေကိုရှေ့ပိုင်းက ပုံ(၃၃) နဲ့ ပုံ(၃၄) မှာ တစ်နည်းတစ်ဖုံရေးဆွဲဖော်ပြခဲ့ပြီးဖြစ်ပါတယ်..ယှဉ်တွဲပြီး လေ့လာကြည့်နိုင်ပါတယ်...


No comments: