Monday, March 30, 2009

eRrOR   
             error 
ErrOr                      ERroR
     errOr        
               ERRoR

Saturday, March 28, 2009

ကယ်ရေကေချာရေဆွဲနည်း(ကာတွန်းဇိုဇမ်)

ုံးဖက်မြင် ကယ်ရေကေချာ( THREE DIMENSIONS)
မျက်နှာနှင့် ဦးခွံတည်ဆောက်မှုကို Two Dimensions နှစ်ဖက်မြင်နည်းအရ လေ့လာပြီးခဲ့ပြီ..အဲ့ဒီတုန်းက မျက်နှာ၊ဦးခွံရဲ့အမြင့်(အရှည်)နဲ့ အကျယ်(ဗျက်) လောက်ကိုသာ ထည့်စဉ်းစားတာဖြစ်တယ်..အခုတဖန် မျက်နှာဦးခွံအစိတ်အပိုင်းတွေရဲ့ Depth ကိုပါထည့်သွင်းရေးဆွဲကြရအောင်..ဒီနေရာမှာအရိုး၊ကြွက်သား၊အဆီအသားတွေရဲ့ အထူအပါး၊အတိမ်အနက်ထုတွေကို အထူးဂရုစိုက်ရေးဆွဲရမှာဖြစ်တယ်..လူရဲ့မျက်နှာမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုထုရှိတဲ့ ၀ထ္ထုပစ္စည်း (ဥပမာ ဘောလုံး၊သေတ္တာ၊သစ်တုံး၊ပုလင်း) တွေနဲ့ အစားထိုးပြီး ဖွဲ့စည်းမှုအသစ်တစ်မျိုးရအောင် စိတ်ကူးစဉ်းစားရမှာဖြစ်တယ်..ဒီလို ၀ထ္ထုပစ္စည်းတွေနဲ့ အစားထိုးရေးဆွဲရာမှာနီးဝေးမြင်သဘော Perspectiveကို နားလည်သဘောပေါက်ပြီး နိုင်အောင်ရေးဆွဲတတ်ဖို့လိုပါတယ်..ဒီ Perspectiveသဘောကို ရှုထောင့်မျိုးစုံကနေ ကြည့်မြင်တတ်ဖို့လိုတယ်..သက်ငြိမ်ဝထ္ထုပစ္စည်းအမျိုးမျိုးနဲ့ လေ့ကျင့်ရေးဆွဲရပါမယ်..ပုံ(၃၇)မှာလေ့ကျင့်ရမယ့် ပုံစံလေးတွေကို ပြထားပါတယ်..
ပုံ(၃၈)မှာတော့ Andrew meuon ရဲ့သုံးဖက်မြင်ပုံမျက်နှာပုံစံကိုပြထားပါတယ်..ဒီပုံကို သုံးဖက်မြင်ကယ်ရေကေချာကျွမ်းကျင်သူ Acott Johnson ဆွဲထားတာဖြစ်ပါတယ်..
ပုံ(၃၉)မှာIn-Betweener ပုံကိုသုံးဖက်မြင်ပုံစံရေးဆွဲထားပါတယ်..သူ့ရဲ့မျက်နှာဖွဲ့စည်းပုံ ပိုမိုသိသာမြင်သာအောင် လိုင်းကြောင်းလေးများနဲ့ မျက်နှာကျကိုဖော်ပြထားပါတယ်..ဒီပုံနှင့်တွဲရက် Chuckရဲ့ပုံကိုပြထားပါတယ်..Chuck ရဲ့မျက်နှာဟာ 'ထု'ပါတဲ့မျက်နှာမျိုးဖြစ်တယ်..
In-Betweenerပုံစံနဲ့သေချာနှိုင်းယှဉ်လေ့လာကြည့်ပါ..လူရဲ့ဦးခေါင်း၊မျက်နှာဟာဒါဇင်ပေါင်းများစွာသောအရိုးစုနဲ့ကြွက်သားတွေ
ဖွဲ့စည်းထားတာဖြစ်ပါတယ်..ဒီဥစ္စာတွေ အသေစိတ်သိစရာမလိုပေမယ့် လူ့ဦးခွံဖွဲ့စည်းမှုကိုတော့ သိရှိထားရပါမယ်..ဒါမှ သုံးဖက်မြင်ဦးခွံပုံစံဟာ ခင်ဗျားရဲ့ကယ်ရေကေချာ ရေးဆွဲရာမှာ 'ထု'ပါဝင်လာပြီးပုံတွေလည်း ပိုမိုအသက်ဝင်လာမှာဖြစ်ပါတယ်..ဥပမာ ပါးရိုးအတိမ်အနက်၊အထူအပါး ထုတွေကိုလေ့လာပြီး ကယ်ရေကေချာဆွဲတဲ့အခါမှာ ဒီထုအနေအထားကို ပေါ်လွင်ထင်ရှားစွာ ပြသပေးနိုင်ရပါမယ်..
ဒီ'ထု' ကိုဖော်ပြပေးနိုင်ဖို့ရန် နည်းအမျိုးမျိုးရှိပါတယ်..ကျွမ်းကျင်တဲ့ သုံးဖက်မြင်Caricaturist ဖြစ်လာတဲ့အခါကျရင်တော့ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်လာမှာဖြစ်ပြီး အခုလိုလေ့ကျင့်တဲ့အချိန်မှာတော့ ခင်ဗျားရဲ့ပုံတွေမှာDepthထုကို မပါပါအောင် ထည့်ပေးရင်း လေ့ကျင့်မှုပြုလုပ်ရပါမယ်...









Friday, March 27, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၃၄)က Rochelleရဲ့ပုံတွေဟာလည်း တစ်ပုံနဲ့တစ်ပုံရေးဆွဲရာမှာ ကွဲလွဲမှုရှိအောင် ရေးဆွဲထားပါတယ်..Impressions အမျိုးမျိုးရအောင်ရေးဆွဲရခြင်းပဲ ဖြစ်ပါတယ်..
ပုံ(၃၅)မှာ Natalieရဲ့ ဓါတ်ပုံ ၄ပုံကို အမြင်မျိုးစုံ အနေအထားနဲ့ ပြထားပါတယ်..ရှေ့တည့်တည့်က မြင်ရပုံမှာတော့ ခေါင်းအနည်းငယ် ငုံ့နေတာကိုတွေ့ရပါတယ်..ခေါင်းငုံ့ထားတဲ့အတွက် သူ့နှာခေါင်းချွန်ဟာ အောက်ဘက်ကိုဆိုက်နေပါတယ်..ဒီလိုကော့တက်နေတဲ့ နှာသီးပုံစံလေးကြောင့် ကယ်ရေကေချာရေးဆွဲရာမှာ ပိုမိုလွယ်ကူပီပြင်စေပါတယ်..လေးထောင့်ကျကျ မျက်နှာပုံစံကြေင့်လည်း ရှေ့တည့်တည့်ပုံကိုရေးဆွဲရတာ လွယ်ကူပီပြင်ပါတယ်..
ပုံ(၃၆) က Anthony ဓါတ်ပုံလေးတွေကိုလည်း လေ့လာကြည့်ပါ..သူ့ရဲ့ဓါတ်ပုံလေးတွေဟာ ကယ်ရေကေချာရေးဆွဲချင်စရာ အလွန်ကောင်းပါတယ်..Anthony လိုပဲ လူတော်တော်များများမှာ ဒီလို မျက်နှာသဏ္ဍန်မျိုးပိုင်ဆိုင်ကြပါတယ်..ဒီလိုမျက်နှာသွင်ပြင်မျိုးဟာ ပုံဆွဲသူကိုဘာဒုက္ခမှမပေးဘဲ ကျေနပ်နှစ်သိမ့်မှုကိုသာ ပေးလေ့ရှိပါတယ်.....//



Monday, March 23, 2009

ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်)

ကျနော်လေးစားရတဲ့ ပုဂ္ဂိုလ်ပါပဲ...



FeDaL caStRo

DRAWING PEN ကိုသုံးပြီး ဆွဲကြည့်တာ...


raFAEl DA SILva

ကျနော်တို့ မန်ယူအသင်းမှာခြေစွမ်းပြနေတဲ့ ဘရာဇီးသားလေးပါ..ဒီငနဲ့လေးကိုကျနော်ကြိုက်တယ်..


Saturday, March 21, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

စိတ်ကူးပုံရိပ်ကို ဆန့်ထုတ်ခြင်း
ခင်ဗျားကြည့်နေတဲ့ ၀ထ္ထုပစ္စည်းဟာ ခင်ဗျားမြင်ရတဲ့အတိုင်း အမှန်တကယ်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်..သူ့ရဲ့နဂိုအရှိအတိုင်း တွေ့မြင်ရတာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်..ဒီသဘောကြောင့် အဲ့ဒီဝထ္ထုပစ္စည်းပေါ်မှာ ခင်ဗျားအနေနဲ့ စိတ်ကူးပုံရိပ်ကို ကြိုက်သလောက် ဆန့်ထုတ်နိုင်တယ်..ဆန့်ထုတ်ခွင့်လည်းရှိတယ်..ဒီလိုကိုယ်ကြိုက်သလို စိတ်ကူးဆန့်ထုတ်ပြီးရေးဆွဲထားတဲ့ ကယ်ရေကေချာတွေကို Impressionistic Caricature လို့ခေါ်ပါတယ်..
ဒီအကြောင်းကို ပုံ(၃၂) Cynthia ပုံနဲ့ဥပမာပြပါမယ်..ပြီးခဲ့တဲ့အခန်းတွေမှာ မျက်နှာအစိတ်အပိုင်းတွေတစ်ခုနဲ့တစ်ခုယှဉ်တွဲဆက်စပ်ပြီး ဆန့်ကျင်တည်ရှိနေမှုတွေကို ရှင်းပြပြီးဖြစ်ပါတယ်..အခုလည်း အခြေအနေတွေပေါ်မှာပဲ စိတ်ကူးပုံရိပ်တွေ ကြိုက်သလောက် ဆန့်ထုတ်ထားတာဖြစ်ပါတယ်..Cynthia ရဲ့ဓါတ်ပုံသုံးပုံစလုံးမှာ အထူးခြားဆုံးနဲ့ အပေါ်လွင်ဆုံးအရာဟာ သူ့ဆံပင်ပဲဖြစ်ပါတယ်..ရှေ့တည့်တည့်ကကြည့်ရတဲ့ပုံဟာ စိတ်ဝင်စားစရာ အကောင်းဆုံးပုံဖြစ်ပြီး မျက်နှာပုံစံဟာလည်း ချစ်စရာကောင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်..
တကယ်တော့ သူ့ပါးစပ်ပေါက်ဟာ သိပ်မကျယ်လှပါဘူး..သူ့ဆံပင်ပွပွကြီးတွေကြောင့် ပါးရိုးသွယ်ပြီး ပါးစပ်ပေါက်ကွယ်နေသယောင် ဖြစ်နေရတာဖြစ်ပါတယ်..မျက်နှာတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် သေးသွယ်ကျဉ်းမြောင်းလှတဲ့ မျက်နှာသေးသေးလေးဟာ ပွယောင်းနေတဲ့ဆံပင်ကြားမှာ ပေါ်တယ်ဆိုရုံလောက်ပဲပေါ်နေပါတယ်..ဒီအချက်တွေကို စိတ်ကူးပုံရိပ်ဖော်ပြီး အဆမတန်ချဲ့ကားဆန့်ထုတ်လိုက်တော့ ပုံမှာမြင်ရတဲ့ချစ်ဖွယ် Cynthia ရဲ့ကယ်ရေကေချာပုံတူကို ရရှိလာပါတယ်...
ကယ်ရေကေချာ ရေးဆွဲတဲ့အခါမှာ ပုံသေသတ်မှတ်ချက်မရှိဘဲ Impressions ကိုကြိုက်တဲ့ပုံစံနဲ့ အမျိုးမျိုးဖော်ပြနိုင်ပါတယ်..ပုံစံတစ်မျိုးတည်းကိုပဲ မိမိစိတ်ကူးစိတ်သန်းပေါ်မူတည်ပြီး အသွင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ပြသနိုင်ပါတယ်..
ရေးနည်းရေးဟန် ပြောင်းလဲမှုကြောင့် Impressions တွေပြောင်းလဲသွားပါတယ်..ပုံ(၃၃)မှာပြထားတဲ့ Ruby ပုံနဲ့ နောက်စာမျက်နှာတွေက Ruby ပုံတွေဟာ ကွဲပြားခြားနားနေတာကို တွေရပါလိမ့်မယ်..ကျွန်တော်အသုံးပြုတဲ့ ပုံဆွဲဖောင်တိန်ကအစ မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..နောက်ပြီးတော့ စိတ်ထဲမှာ လှုံ့ဆော်ခံစားနေရမှုတွေ ခြားနားသွားနေလို့လည်း ဖြစ်ပါတယ်..........//



Friday, March 20, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၉)A1
ပုံ(၂၉)မှာA1ရဲ့ ကယ်ရေကေချာပုံကို In-Betweener အကူအညီမပါဘဲ လွတ်လွတ်လပ်လပ် ရေးဆွဲထားတာဖြစ်ပါတယ်..မျက်နှာပေါ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တစ်ခုနဲ့တစ်ခု အချိုးအစားကျအောင် နှိုင်းဆညှိယူပြီး ရေးဆွဲတာဖြစ်ပါတယ်..သူ့ပါးစပ်ဆိုရင် ဓါတ်ပုံထဲမှာလို မဟုတ်ဘဲ အလွန်ကျဉ်းအောင်တမင်ရေးဆွဲထားပါတယ်..ဒီလို သူ့ပါးစပ်ကို အဆမတန်ကျဉ်းပစ်လိုက်တော့ ဖောင်းပြီးကြီးနေတဲ့ ပါးနှစ်ဖက်နဲ့ လုံးဝိုင်းပြီးပွနေတဲ့နှာခေါင်းကို ပိုမိုပေါ်လွင်ထင်ရှားစေပါတယ်..သူ့မျက်လုံးတွေကိုလည်း ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဟန်ချက်ညီပြီးလိုက်ဖက်အောင် ခပ်ကျဉ်းကျဉ်းပဲ ရေးဆွဲရပါတယ်..မျက်နှာတစ်ခုလုံးကိုတော့ စက်ဝိုင်းကြီးတစ်လုံးထဲဝင်မိအောင် ရေးဆွဲခြင်းအားဖြင့် သူ့ရဲ့ပုံသဏ္ဍန်ပေါ်လွင်ပြီး ပိုမိုထင်ရှားပီပြင်လာတာကိုတွေ့ရပါတယ်..
ပုံ(၂၇) မှာပြထားတဲ့ Susan ရဲ့မျက်နှာပုံကို တစ်ခါပြန်ကြည့်ရအောင်..တကယ်တော့ Susan ရဲ့မျက်နှာမျိုးဟာ In-Betweener မျက်နှာနဲ့ယှဉ်ကြည့်ရင် အလွန်ကျဉ်းတဲ့မျက်နှာမျိုးဖြစ်တယ်..ဒီလိုသေးသွယ်ပြီး ကျဉ်းမြောင်းနေတဲ့ မျက်နှာပိုင်ရှင်က အလွန်ကြီးနေတဲ့မျက်မှန်ကိုတပ်ထားတော့ ကယ်ရေကေချာရေးဆွဲရာမှာ ပိုမိုလွယ်ကူစေပါတယ်..ထိပ်ချွန်နေတဲ့မေးရိုးကို အဆမတန်ချွန်နေအောင် ရေးဆွဲထားလို့လည်း ဦးခေါင်းပုံစံဟာ ရှည်မျောမျောပုံစံ ဖြစ်လာပါတယ်..ဒီလိုထူးခြားမှုတွေကြောင့် သူ့ရဲ့ကယ်ရေကေချာရုပ်ပုံဟာ ပိုမိုပီပြင်စွာ ရေးဆွဲနိုင်တာဖြစ်ပါတယ်..
ပုံ(၂၂)Marianရဲ့ပုံကိုလည်း ထပ်ကြည့်ရအောင်..သူ့ရဲ့Eyelineနဲ့ ဦးခေါင်းထိပ်ကြား အကွာအဝေးဟာ ပုံမှန်Betweener ထက်ပိုပြီး ဧရိယာကျယ်နေမယ်လို့ယူဆရပါတယ်..အဲ့ဒါကြောင့် သူ့နဖူးကို ခပ်ကျယ်ကျယ်ဖြစ်အောင် ချဲ့ကားရေးဆွဲလိုက်ရပါတယ်..
ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ မျက်နှာအစိတ်အပိုင်းတွေရဲ့ သဏ္ဍန်လေးတွေကို မှတ်မိအောင်ကြည့်ပြီး လိုက်ဖက်ညီအောင် ဟန်ချက်ညီညီ ရေးဆွဲရပါတယ်.. လေ့ကျင့်မှုများလာပါက အင်္ဂါအစိတ်အပိုင်းတစ်ခုနဲ့ အခြားတစ်ခုတို့ရဲ့ နှိုင်းယှဉ်ဆက်စပ်နေမှုသဘောတွေ ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်..
 GUIDE LINE မပါလေ့ကျင့်ရေးဆွဲခြင်း
နောက်ပိုင်း ရေးဆွဲထားတဲ့ ကယ်ရေကေချာပုံတွေကို Guide Line မပါဘဲ ရေးဆွဲထားတာဖြစ်ပါတယ်..ဓါတ်ပုံလေးတွေကိုကြည့်ပြီး လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရေဆွဲထားပါတယ်..ပုံ(၃၀)မှာZal ရဲ့ဓါတ်ပုံနှစ်ပုံကိုပြထားပါတယ်..ပုံ(၃၁)မှာတော့ Paula ရဲ့ပုံနှစ်ပုံကိုပြထားပါတယ်..သူတို့နှစ်ဦးရဲ့ပုံတွေဟာ ကယ်ရေကေချာအဆွဲရ လွယ်ကူမယ့် ပုဂ္ဂိုလ်တွေကိုသာ ရွေးချယ်ရေးဆွဲသင့်ပါတယ်..ရှေ့ပိုင်းက သင်ခန်းစာတွေရဲ့အကူအညီနဲ့ လက်တွေ့ရေးဆွဲလေ့ကျင့်မှုတွေ အမြောက်အမြား ပြုလုပ်ရပါမယ်..
  Guide Line မပါဘဲ Zal နဲ့ Paula ရဲ့ပုံတွေကို အောက်မှာပြထားပါတယ် သေချာလေ့လာပြီး လေ့ကျင့်ရေးဆွဲစေလိုပါတယ်......//




Tuesday, March 17, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

နှိုင်းယှဉ်ဆက်စပ်မှုသဘော (နှစ်)
အရာဝထ္ထုတစ်ခုနဲ့ ၄င်းနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ဝထ္ထုပစ္စ္စည်းတွေရဲ့ တည်ရှိနေမှုကို လေ့လာခြင်းဖြစ်ပါတယ်..
ပုံမှာတြိဂံတစ်ခုကို ဘောင်တစ်ခုထဲမှာ ပတ်ဝန်းကျင်ဝထ္ထုပစ္စည်းတစ်ခုမှ မပါဘဲ ထီးတည်းရေးဆွဲထားပါတယ်..ပုံကိုကြည့်လိုက်တဲ့အခါ အဖော်မပါတဲ့ လူတစ်ယောက်လိုပဲ အထီးကျန်ဆန်လှပါတယ်..ဒါပေမယ့်သူနဲ့မျိုးကွဲဖြစ်တဲ့ ဘဲဥပုံလေးတွေကို ဘေးမှာထောင်လျက်နဲ့ လှဲလျက်ရေးဆွဲလိုက်တဲ့အခါ အမြင်တစ်မျိုးဖြစ်လာပြီး အဆင်ပြေလာတာကို တွေ့ရပါတယ်..အချွန်နဲ့အလုံးသဘောဆောင်တဲ့အတွက်ကြောင့် ဆန့်ကျင်ဘက်အသွင်လည်း ဆောင်နေတာကိုတွေ့ရပါတယ်..ဒီဆန့်ကျင်ဘက်အသွင်တွေဟာ ဒွန်တွဲပြီး ရပ်တည်နေတဲ့အတွက်ကြောင့် ပိုမိုစိတ်ဝင်စားစရာလည်း ကောင်းလာပါတယ်..ဒီလိုဆန့်ကျင်လိုက်ဖက်နေတဲ့ သဏ္ဍန်တွေကို ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းလာအောင်ဖန်တီးလို့ရပါတယ်..
       တြိဂံတစ်ခုရဲ့ အောက်ခြေကို မြေပေါ်မှာ အလျားလိုက်ပြားနေအောင် ဖြန့်ကားလိုက်ပြီး ဘေးနားကဘဲဥပုံကို အလျားလိုက် မြေပေါ်မှာဖြန့်ချလိုက်ပါ..ဒီလို အနေအထားတွေဖန်တီးလိုက်တဲ့အခါ သူတို့အပေါ်တွေ့မြင်ရတဲ့ Impressions တွေဟာလည်းပြောင်းလဲသွားပါတယ်..
        ဒီတြိဂံပုံစံတွေနဲ့ ဘဲဥပုံစံတွေရဲ့ ဆက်စပ်တည်ရှိနေမှု သဘောသဘာဝတွေဟာ လူမျက်နှာ ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ အလွန်အသုံးဝင်တာကိုတွေ့ရပါတယ်..ဥပမာ မျက်လုံးနှစ်လုံး အကွာအဝေးကို ချုံ့လိုက်တဲ့အခါ နားထင်ဧရိယာတွေ ပိုမိုကျယ်လာတာမျိုးပဲဖြစ်ပါတယ်..
လူတစ်ဦးရဲ့ မျက်နှာအစိတ်အပိုင်းတွေအားလုံးကို တြိဂံပုံစံနဲ့ ဘဲဥပုံလေးတွေအဖြစ်မှန်းဆလို့ရပါတယ်..နှာတံ၊မေးထိပ်ချွန်တွေကိုတြိဂံ။ မျက်လုံး၊ပါးစပ်၊ပါးပြင်၊နှာခေါင်းထိပ်တွေကိုဘဲဥပုံအဖြစ်မှန်းဆယူကြည့်ပါ..သတိထားရမှာကတော့ ကယ်ရေကေချာရေဆွဲတဲ့အခါမှာ ချွန်နေတဲ့အပိုင်းတွေကိုပိုချွန်အောင်၊လုံးနေတဲ့နေရာတွေကို ပိုလုံးဝိုင်းနေအောင်ရေးဆွဲရပါတယ်..အလုံးနဲ့အချွန်တွေအားလုံးချဲ့ကားရေးဆွဲပြီးဟန်ချက်ညီညီ ဖွဲ့စည်းတည်ဆောက်မှုဟာ ကယ်ရေကေချာရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်.....//


Friday, March 13, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၇)Susan

သူ့မျက်နှာဟာ လေးထောင့်ပုံရှိပြီး ရှည်မျောနေပါတယ်..In-Betweenerမျက်နှာနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်သေးသွယ်ပြီး ရှည်နေတဲ့မျက်နှာပုံစံမျိုး ဖြစ်နေတာကိုတွေ့ရပါတယ်..အထူးခြားဆုံးကတော့ မေးရိုးခိုင်ခံ့ပြီး နှာခေါင်းသေးသွယ် ရှည်မျောနေတာပဲဖြစ်ပါတယ်..နှာတံအလွန်သေးတဲ့အတွက် မျက်လုံးနှစ်ဖက်ဟာပိုပြီး ကွားဝေးနေကြတာကို တွေ့ရပါတယ်...
ပုံ(၂၈)Richard

သူ့ရဲ့မျက်နှာပုံသဏ္ဍန်ဟာ In-Betweener ပုံစံမျိုးပဲဖြစ်ပါတယ်..ထူးခြားထင်ရှားတဲ့ အရာတွေကတော့ပြည့်ဖြိုးနေတဲ့ ပါးနှစ်ဖက်နဲ့ အသားပြည့်နေတဲ့ မေးရိုးတွေပါပဲ..သူ့နှုတ်ခမ်းဟာလည်း ပုံစံတစ်မျိုးဖြစ်နေတာကို သတိထားရပါမယ်..
ကယ်ရေကေချာရေးဆွဲမှု လေ့ကျင့်ခါစမှာသာ Construction Lineတွေဆွဲပြီး လေ့ကျင့်ဖို့လိုပါတယ်..တဖြည်းဖြည်းဆွဲကျင့်ရလာတဲ့အခါ ဒီလိုင်းတွေကို စိတ်ကူးထဲမှာပဲမှတ်ပြီး ရေးဆွဲရပါတယ်..ဒီလိုင်းတွေဟာ ကိုယ်ဆွဲမယ့်ပုံနဲ့ In-Betweener ပုံဘယ်လိုကွာခြားနေတယ်ဆိုတာ ဖော်ပြပေးတာပဲဖြစ်ပါတယ်..In-Betweener ကို Reference သက်သက်အနေနဲ့ အသုံးပြုရတာဖြစ်ပါတယ်.....///




ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၅)Kathleen

ဒီတစ်ခါ Kathleenပုံကိုလေ့လာကြည့်ရအောင်..သူ့မျက်နှာဟာ လေးထောင့်ပုံရှိနေပြီး နားထင်နှစ်ဖက်ဟာသိသိသာသာ ကျယ်နေတယ်..သူ့မေးရိုးဟာကြီးပြီးကားနေတဲ့အတွက် မျက်နှာသွင်ပြင်တစ်ခုလုံး ပိုကျယ်နေတာကို တွေ့ရပါတယ်..အလွန်ထင်ရှားပေါ်လွင်နေတာတစ်ခုကတော့ သူ့ပါးစပ်နဲ့နှာခေါင်းကြားအကွားအဝေးဟာ သိသိသာသာရှည်ပြီး ကွာနေတာပါပဲ..အဲ့ဒါကြောင့် တိုပြီးလုံးဝိုင်းနေတဲ့ နှာခေါင်းဟာ ပိုပြီးတိုနေသယောင်လည်း မြင်နေရပါတယ်..ဒီထူးခြားမှုလေးတွေဟာ သူ့ကယ်ရေကေချာရေးဆွဲတဲ့အခါ အထူးသတိပြုရမယ့် အချက်တွေပဲ ဖြစ်ပါတယ်...
ပုံ(၂၆)Vincent

သူဟာလုံးဝိုင်းတဲ့ ဦးခေါင်းပိုင်ရှင်တစ်ဦးဖြစ်တယ်..လည်ပင်းဟာကြီးမားတုတ်ခိုင်လှပါတယ်..ရယ်တဲ့အခါ သူ့ပါးရစ်နှစ်ခုဟာ အပေါ်ဘက်ကို သိသိသာသာတက်သွားပြီး မျက်လုံးနှစ်ဖက်အကွာအဝေးဟာ ကျဉ်းမြောင်းသွားပါတယ်..သူ့နှာခေါင်းဟာလည်း ပြားပြီးကျယ်လာတာကို တွေ့ရပါတယ်....//




ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၃)Meyer

Meyer ရဲ့မျက်နှာနဲ့ ဦးခေါင်းကိုလေ့လာကြည့်ရအောင်..သူ့ဦးခေါင်းနဲ့ မျက်နှာတစ်ခုလုံးဟာ အကြမ်းအားဖြင့်တြိဂံပုံဖြစ်နေပါတယ်..သူ့ရဲ့မျက်လုံးနှစ်ဖက်ဟာ နီးကပ်စွာတည်ရှိနေပါတယ်..နားထင်ဧရိယာတွေဟာ သိသာစွာကျယ်ပြန့်နေတာကို တွေ့ရပါတယ်..သူ့နှာခေါင်းထိပ်ဟာ တိုပြီးထိပ်လုံးနေတာကို တွေ့ရပါတယ်..ဒီထူးကဲနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ချဲ့ကားပြီး ရေးဆွဲလိုက်တဲအခါ Meyer ရဲ့ကယ်ရေကေချာဟာ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်..
ပုံ(၂၄) A1

A1 ရဲ့မျက်နှာနဲ့ ဦးခေါင်းဖွဲ့စည်းမှုကို လေ့လာမယ်ဆိုရင် သူ့မျက်လုံးနဲ့ ဦခေါင်းထိပ်အကွာအဝေးပမာဏနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် သိသိသာသာတိုနေတာကို တွေ့ရပါတယ်..သူ့နှာတန်ဟာ ထင်ရှားပေါ်လွင်ပြီး အောက်ဘက်ကို ဆင်းနေပါတယ်..သူ့နှုတ်ခမ်းနဲ့ နှာခေါင်းထိပ်အကွာအဝေးဟာ သိသိသာသာရှည်နေတာကို တွေ့ရပါတယ်..သူ့မျက်နှာအပါအ၀င် ဦးခေါင်းပုံသဏ္ဍန်ဟာ လေးထောင့်ပုံဖြစ်နေပါတယ်..ဆံပင်တွေဟာ သန်မာမှုမရှိဘဲပျော့အိပြီး လေထဲမှာလွင့်နေကြပါတယ်..



ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၂၀) Susan

ပုံမှန်In-Betweener ပုံမှာ ရှေ့ကိုထိုးထွက်နေတဲ့ နှာဖျားအချွန်ဟာ ပါးစပ်နှင့်နှာခေါင်းကြား အကွာအဝေနဲ့တူညီတယ်..Susanရဲ့ နှာခေါင်းဟာ ဒီထက်ပိုပြီးရှေ့ကိုငေါထွက်နေပါတယ်..ဒီအချင်ကိုသတိပြုပြီး အဓိကချဲ့ကားရေးဆွဲရပါတယ်..
ပုံ(၂၁)Martha

ပုံမှန်InBetweenerမှာနားရွက်အရွယ်အစားဟာနှာခေါင်းထိပ်နဲ့မျက်လုံးအကွာအဝေးထက်အများကြီးပိုကြီးနေပါတယ်..
နှုတ်ခမ်းဟာလည်းပုံမှန်
ထက်ပိုပြီး စူထွက်နေတာတွေ့ရပါတယ်..
ပုံ(၂၂)Marian

Marian ရဲ့ပုံကိုသေချာကြည့်ရင် မျက်နှာထိပ်ထက်ဝက်ကျော်ဟာ အောက်အတွင်းဘက်ကို လျှောကျနေတာတွေ့ရပါတယ်..ဒီလျှော့ကျနေတဲ့မျက်နှာကို အဓိကအာရုံဖမ်းပြီး ကယ်ရေကေချာရေးဆွဲခြင်းဖြစ်ပါတယ်...//







ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ပုံ(၁၉) Leonard

နောက်တစ်ခါပုံ(၁၉)မှာပြထားတဲ့ Leonard ရဲ့ပုံကိုကြည့်ရအောင်..အမှန်တော့ သူ့ရဲ့မျက်နှာတစ်ခုလုံးကိုခြုံကြည့်ရင် In-Betweener နှင့်အလွန်နီးစပ်ပါတယ်..သတိထားကြည့်ရင် သူ့မျက်နှာအောက်ဘက်ပိုင်းဟာ ရှည်ပြီးချွန်ထွက်နေတာကိုတွေ့ရတယ်..မေးစေ့ဟာ သိသိသာသာရှည်နေတယ်..အလျားလိုက်(Horizontal)မျဉ်းကြောင်းတွေဟာ ပုံမှန်မျဉ်းကြောင်းတွေကနေ ခွဲထွက်ပြီး အစွန်းထွက် သွေဖယ်နေတာကိုလည်းတွေ့ရတယ်..ဥပမာ သူ့မျက်လုံးတွေဟာ အလုံးတအားကြီးပြီး နဂိုနေရာထက် အပေါ်ဘက်ကို ရောက်နေတယ်..နားရွက်အပေါ်နားထိကိုတောင်ရောက်နေပါတယ်..သူ့နှာတံဟာလည်း သိပ်ကိုပေါ်လွင်ပြီးပုံမှန်အနေအထားထက် တိုနေတာတွေ့ရတယ်..ဒီဟာကြောင့် ပါးစပ်ပေါက်နဲ့နှာခေါင်းထိပ်ဟာ သိပ်ကိုကွာနေတယ်လို့ မြင်နေရတယ်..ဒီအချက်လေးတွေဟာ သူ့မျက်နှာမှာ ထူးခြားပေါ်လွင်လှတဲ့အရာတွေဖြစ်ပြီး In-Betweener ပုံစံကနေ သိသိသာသာ ကွဲထွက်နေတာတွေလည်း ဖြစ်ပါတယ်....//








ကောင်းထက်အောင်

နော်ဝေက ကျနော့်ဘော်ဒါတယောက်ပါ....//






Thursday, March 12, 2009

Tuesday, March 10, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကယ်ရေကေချာရေးဆွဲရာမှာ ဓါတ်ပုံကြည့်ရေးဆွဲတာဟာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းပဲဖြစ်တယ်..ရုပ်သေပုံတွေကို ဇယားကွက်ချပြီး စိတ်ရှည်လက်ရှည် ရေးဆွဲနိုင်ခြင်းကြောင့်ဖြစ်တယ်..ပုံ(၁၈)မှာA1ရဲ့ကယ်ရေကေချာပုံကို ဓါတ်ပုံကနေ ပုံဖော်ရေးဆွဲတာကိုပြထားပါတယ်..ဓါတ်ပုံပေါ်မှာ မျက်စိမျဉ်းကြောင်း၊နှာခေါင်းမျဉ်းကြောင်းနှင့်ပါးစပ်မျဉ်းကြောင်းတွေပါတဲ့ ဇယားကွက်ကိုရေဆွဲပါ..ဖယောင်းစက္ကူခံပြီးရေးဆွဲလို့လည်းရပါတယ်..ထောင်လိုက်မျဉ်းကြောင်းကိုလည်းဆွဲလိုက်ပါ..စတုဂံပုံစံဇယားကွက်ကလေးတွေ ထွက်လာပါလိမ့်မယ်..ဒီစတုဂံ ပုံစံဇယားကွက်တွေဟာ In-Betweener ဇယားကွက်တွေနဲ့တော့တူချင်မှတူပါလိမ့်မယ်..ဓါတ်ပုံပေါ်မှာဆွဲထားတဲ့ဇယားကွက်တွေနဲ့ In-Betweener ဇယားကွက်တွေကိုယှဉ်ကြည့်လိုက်ပါ..ထပ်တူမရှိဘဲ ငေါထွက်ပြီး အစွန်းပိုနေတဲ့အင်္ဂါအစိတ်အပိုင်းတွေကို တွေ့ရပါလိမ့်မယ်..ကယ်ရေကေချာရေးဆွဲတဲ့အခါ ဒီအစွန်းထွက်ပြီးထူးကဲတဲ့အပိုင်းလေးတွေကို ဂရုပြုပြီးချဲ့ကားခြင်း၊ဒါမှမဟုတ်ချုံ့ရေးခြင်းများပြုလုပ်ရပါမယ်..ဒီလိုဓါတ်ပုံတွေကို ဇယားကွက်ချပြီး ရုပ်ပြောင်ပုံတူရေးဆွဲမှုဟာ ပထမပိုင်းလေ့ကျင့်မှုအတွက်သာဖြစ်ပါတယ်..နောက်တဖြည်းဖြည်းဇယားကွက်မချဘဲ လက်တန်းရေးဆွဲနိုင်လာပါလိမ့်မယ်..ဒါပေမယ့်ဇယားကွက်ချပြီး လေ့ကျင့်ရေးဆွဲမှုကို များများလေ့ကျင့်ထားဖို့တော့လိုအပ်ပါတယ်..

ပုံ(A1)
ပုံ(၁၈)ကA1ပုံကိုကြည့်ရအောင်..သူ့ရဲ့မျက်နှာမှာ ပုံမှန်In-Betweenerမျက်နှာကနေခွဲထွက်တဲ့ ထူးကဲသွေဖည်မှုလေးတွေတွေ့ရပါတယ်..သူ့ရဲ့ဦးခေါင်းဟာဆိုရင် In-Betweener ရဲ့ဦးခေါင်းထက်ပိုကျယ်တာကိုတွေ့ရပါတယ်..အထူးသဖြင့် သူ့နဖူးဟာကျယ်ပြီးကြီးမားနေပါတယ်..အဲ့ဒါကြောင့်ကယ်ရေကေချာရေးဆွဲတော့ သူ့ဦးခေါင်းနှင့်နဖူးပြင်ကို ပိုပိုမိုမိုချဲ့ကားရေးဆွဲပစ်လိုက်ရပါတယ်..နောက်ပြီးမျက်လုံးနဲ့နားရွက်ကြား(နားထင်)နေရာဟာ ပုံမှန်ထက်ကျယ်နေတာတွေ့ရလို့ အဆချဲ့ပြီးရေးဆွဲလိုက်ရပါတယ်..ဒီလိုပဲ သူ့နှာခေါင်းနှင့်ပါးစပ်ဟာလည်း ပုံမှန်ထက်ပိုနီးကပ်နေတာတွေ့ရလို့ အဆများစွာနီးကပ်အောင် ရေးဆွဲပစ်လိုက်ရခြင်းဖြစ်ပါတယ်...//

Sunday, March 8, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

Caricaturistအကျော်အမော်တစ်ဦးဖြစ်ဖို့ဆိုရင်တော့ လူရဲ့ရုပ်ခန္ဓာတည်ဆောက်ဖွဲ့စည်းပုံသာမက လူ့စိတ်ဓာတ်တည်ရှိနေတဲ့ သဘောတရားတွေကိုပါ ကောင်းစွာသိရှိထားရပါမယ်..ဒါမှလည်းလူတွေရဲ့မတူတဲ့ရုပ်သဏ္ဍန်တွေနဲ့ အတွင်းစိတ်သဘောထားတွေကိုပါပေါ်လွင်အောင်ဖော်ပြနိုင်မှာဖြစ်တယ်..အထူသဖြင့်ရုပ်သဏ္ဍန်တွေဟာ တစ်ဦးနဲ့တစ်ဦး လုံးဝမတူဘဲကွဲပြားခြားနားနေပါတယ်..လူတွေဟာ စက်ထဲကနေထွက်လာတဲ့ ကုန်ပစ္စည်းတွေမဟုတ်တော့ သန်းပေါင်းဘယ်လောက်ပဲများများ တစ်ယောက်မျက်နှာဟာတစ်ယောက်နဲ့လုံးဝဥသုံတူညီတယ်ဆိုတာမျိုး မရှိတာတော့အံ့သြစရာပဲ..ဒီမတူတဲ့လူတွေရဲ့မျက်နှာကိုကယ်ရေကေချာရေးဆွဲတဲ့အခါမှာလည်း ထူခြားမှုရှိတာလေးတွေကို အဓိကထားရေးဆွဲရပ
ါတယ်..ဥပမာသူ့ရဲ့မျက်နှာမှာရှိတဲ့နှာတံဟာ ဖြောင့်သလား၊ကောက်သလား၊အပေါ်လှန်သလား၊အောက်ကွေးနေသလား၊နှာခေါင်းပေါက်ကျဉ်းသလား၊ကျယ်သလား၊ပါးစပ်ပေါက်ကျဉ်းသ
လား၊ကျယ်သလား၊နှုတ်ခမ်းတွေထူနေသလား၊ပါးသလား၊ရှေ့သွားခေါသလား၊ကျဲသလား၊ရယ်တဲ့အခါ သွားဖုံးတွေပေါ်နေသလား၊ပေါ်ရင် ဘယ်လောက်ပေါ်သလဲ၊နားရွက်ကောကြီးသလား၊ငယ်သလား၊ကားသလား၊အဲ့ဒါတွေအားလုံးဟာ ရုပ်ပြောင်ပုံတူရေးဆွဲမယ့်Caricaturistတစ်ဦး သိရှိနားလည်ထားရမယ့် အရေးကြီးလှတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်..Caricaturistတစ်ဦးဟာအမြင်ပါးနပ်လိမ္မာပြီး သွက်လက်နေဖို့လည်း အလွန်လိုအပ်ပါတယ်.....//

်ပုံ(၁၄)မျက်လုံးနမူနာများ

ပုံ(၁၅)နားရွက်နမူနာများ

ပုံ(၁၆)နှာခေါင်းနမူနာများ

ပုံ(၁၇)ပါးစပ်နမူနာများ

လူတွေရဲ့မျက်လုံး၊နားရွက်၊နှာခေါင်း၊ပါးစပ်ပုံစံအမျိုးမျိုးကိုပုံ(၁၄)(၁၅)(၁၆)(၁၇)တွေမှာပြထားပါတယ်..ဂရုတစိုက်ကြည့်ရှုလေ့လာပြီး လေ့ကျင့်ရေးဆွဲဖို့တော့လိုအပ်ပါလိမ့်မယ်..များများလေ့ကျင့်လေ မြန်မြန်ဆွဲတတ်လေပါပဲ.....//

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဇယားကွက်ချ လေ့ကျင့်ခြင်း
ကာတွန်းရု့ပ်ပြောင်ပုံတွေ မဆွဲသေးတဲ့သူဟာModal ပုံစံတွေမပါဘဲ ပထမလေ့ကျင့်ရေးဆွဲရပါမယ်..စိတ်ရှည်ဖို့တော့လိုပါလိမ့်မယ်..စနစ်တကျရှိလာအောင် ပုံ(၁၁)မှာပြထားတဲ့ စတုဂံပုံစံ ဇယားကွက်လေးတွေကို အရင်ရေးဆွဲရပါမယ်..ဒီဇယားကွက်ပုံစံလေးတွေဟာ In-Betweener ပုံစံကွက်တွေနဲ့တော့မတူပါဘူး..ဘာဖြစ်လို့လည်းဆိုတော့ ရုပ်ပြောင်ကာတွန်းပုံစံရအောင် ဖန်တီးရမှာမို့လို့ဖြစ်ပါတယ်..ကယ်ရေကေချာရေးဆွဲတဲ့အခါ ရုပ်ပြောင်ကာတွန်းပုံတွေအခြေခံပြီး လွန်လွန်ကဲကဲဆန့်ချဲ့ကားရေးဆွဲရတာမျိုးဖြစ်လို့ ကာတွန်းပုံတွေကို ရေးဆွဲတတ်အောင် နာနာလေ့ကျင့်ဖို့လိုပါတယ်..လက်ရဲဇက်ရဲအောင်လည်း ရေးဆွဲလေ့ကျင့်ရပါတယ်..ကိုယ့်ကိုယ်ကို ညှာနေလို့မရပါဘူး..အလေ့အကျင့်က တချိန်မှာ စကားပြောလာပါလိမ့်မယ်........//
ကာတွန်းရုပ်ပြောင်များနှင့်လေ့ကျင့်ရေးဆွဲခြင်း


ကာတွန်းရုပ်ပြောင်အသွင်ဦးခေါင်းများ

Wednesday, March 4, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာကွန်းဇိုဇမ်)

ဆံပင်ပုံစံအမျိုးမျိုး
လူတစ်ဦး၏ တစ်ကိုယ်လုံးကို ကြည့်လိုက်ရင် ဦးခေါင်းမှာရှိတဲ့ ဆံပင်ပုံစံကို ဦးစွာသတိထားမိလေ့ရှိကြတယ်..ဘြာ
ဖစ်လို့လည်းဆိုတော့ ဆံပင်ရဲ့အရောင်ဟာ လူရဲ့အမြင်အာရုံကို အလျင်အမြန်ဖမ်းစားနိုင်စွမ်းရှိလို့ပါပဲ..အဲ့ဒါကြောင့် ဆံပင်ပုံစံတွေဟာ လူရဲ့မျက်နှာကို ကယ်ရေကေချာရေးဆွဲရာမှာ အထောက်အကူအပြုဆုံးအရာတွေပဲဖြစ်ပါတယ်..ဆံပင်ပုံစံပြောင်းတာနဲ့ လူရဲ့မျက်နှာရုပ်သဏ္ဍန်တွေပါ ပြောင်းလဲသွားတတ်ပါတယ်..ဒီမျက်လုံး၊နှာခေါင်း၊ဒီပါးစပ်ပါပဲ..ဒါပေမယ့် ဆံပင်ပုံစံတွေ ပြောင်းလဲလိုက်တာနဲ့ ရုပ်သဏ္ဍန်တွေ လုံးဝပြောင်းသွားတာကို ပုံ(၈)မှာတွေ့မြင်နိုင်ပါတယ်...
ဆံပင်ပုံစံကိုကြည့်ပြီး ပုံရိပ်ဖမ်း ကယ်ရေကေချာရေးဆွဲမှုကိုလေ့လာကြည့်ရအောင်..Rosemary ရဲ့ပုံကို ပုံ(၉)မှာဖော်ပြထားပါတယ်..သူမရဲ့ဓါတ်ပုံကိုကြည့်လိုက်တာနဲ့ တြိဂံပုံဆံပင်တွေကို စတုဂံပုံမျက်နှာပေါ် တင်ပေးလိုက်တဲ့အခါ သူမရဲ့ကယ်ရေကေချာပုံကြမ်း ပထမအဆင့်ကိုရရှိပါတယ်..ဒီလိုပဲကယ်ရေကေချာရေးဆွဲတဲ့အခါ အဆင့်ဆင့်ရေးဆွဲရပါတယ်..မတူကွဲပြားနေတဲ့သဏ္ဍန်နှစ်မျိုးကိုစပ်ဟပ်ကြည့်တဲ့အခါ ပီပြင်တဲ့သဏ္ဍန်ပုံတွေ ထွက်လာပါတယ်..ဒီပုံမှဆိုရင်ဓါတ်ပုံတစ်ပုံတည်းကိုသာ အသုံးပြုထားတာဖြစ်ပါတယ်..တကယ်တော့ အကောင်းဆုံးကယ်ရေကေချာပုံတွေရေးဆွဲဖို့ ပုံစံပြဓါတ်ပုံတွေအများကြီးကြည့်ပြီး မိမိအကြိုက်နှစ်သက်ဆုံးရှုထောင့်ကနေ မြင်ရတဲ့ပုံကိုသာ ရွေးချယ်စဉ်းစားသင့်ပါတယ်..မျက်နှာပုံသဏ္ဍန်တွေကို ကယ်ရေကေချာရေးဆွဲတဲ့အခါ လူတွေရဲ့မျက်နှာထားကို နှစ်လိုဖွယ်ဖြစ်အောင်တော့လှလှပပရေးဆွဲလေ့ရှိပါတယ်...
ပုံ(၁၀)မှာ Dorisဓါတ်ပုံ၂ပုံကိုယှဉ်ပြီး ဖော်ပြထားပါတယ်..ဘေးစောင်းပုံနဲ့ ရှေ့တည့်တည့်ပုံတွေဖြစ်ပါတယ်..ရှေ့ဘက်ကမြင်တဲ့ပုံကိုဆွဲမယ်ဆိုရင် သူ့ရဲ့ဝိုင်းဝန်းနေတဲ့ မျက်နှာကိုပဲမြင်ရတယ်..ဆံပင်ပုံစံပီပြင်တိကျမှုမရှိလှပါဘူး..ဘေးစောင်းပုံကိုကြည့်လိုက်ရင်တော့ လှိုင်းတွန့်ပြီးထင်ရှားတဲ့ဆံပင်နဲ့တြိဂံပုံမျက်နှာထားကိုထင်ထင်လင်းလင်း မြင်တွေ့ရပါတယ်..အဲ့ဒီ သီခြားခွဲထွက်ပြီး ထင်ရှားပေါ်လွင်နေတဲ့အစိတ်အပိုင်းတွေကြောင့် သူမရဲ့ရုပ်သဏ္ဍန်ကို ပုံဖမ်းရလွယ်ကူစေပါတယ်..တြိဂံပုံစံမျက်နှာပိုင်ရှင်မို့လို့လည်းDorisရဲ့ ကယ်ရေကေချာပုံရေးဆွဲရာမှာပိုမိုလွယ်ကူတာဖြစ်ပါတယ်..ဓါတ်ပုံတွေကို ရွေးချယ်တဲ့အခါမှာတော့ ပုံကြမ်းလောင်းရ လွယ်ကူမယ့်ဓါတ်ပုံတွေကိုသာ ရွေးချယ်ရေးဆွဲသင့်ပါတယ်.......//
ဲ့




aHnGe

အလင်္ကာဂီတဂျာနယ်မှာတွေ့လို့ဆွဲလိုက်တာ...